Part-22

7.4K 865 27
                                    

ထယ်ယောင်းရဲ့ ကိုယ်လုံးငယ်သည် Alpha များစွာ၏ Pheromone များကြား ပျော့ခွေခဲ့ရသည်။ထယ်ယောင်းကို သန်မာသော Alpha တွေက ထိန်းချုပ်နေကြပီး Jay ကကလေးတွေရှိရာ ကားဆီသို့ သွားနေတယ်။သို့သော်ထယ်ယောင်း မတားခဲ့နိုင်ပါ။Omega ဟူသော ဖြစ်တည်မှုကို ဒီနေရာတွင်တော့ ထယ်ယောင်း အသေအကြေမုန်းမိပါသည်။

ထယ်ယောင်း၏ မျက်လုံးလေးတွေ မှေးစင်းလာချိန် ကလေးငယ်နှစ်ယောက်သည် ကားအောက်သို့ ဆင်းလာခဲ့ရသည်။အထိန်းတော် ၂ယောက်ပါ အသတ်ခံရသောကြောင့် ကလေးတို့သည်လဲ ကြောက်ရွံနေကြပီ။သမီးငယ်၏ အော်ဟစ် ငိုယိုသံလေးသည် ထယ်ယောင်း၏ ရင်မှ သွေးစိမ်းရှင်ရှင်ပန်းထွက်သကဲ့သို့ နာကျင်ခဲ့ရပီးနောက် အမှောင်ထုသာ ကြီးစိုးသွားရသည်။

"ဟားဟား! အခုတော့ ဘာတတ်နိုင်သေးလဲ Omega လေးရဲ့။မင်းဟာ ဘယ်လောက်ပဲ အဖိုးတန်တန် မကြာခင် စုတ်ပြတ်သတ်တဲ့ ဘုရင်မအပြင်မပိုတော့ဘူး!"

"အီးဟီး!ပါပါးကို လွှတ်ပေး!ပါပါးကို မထိကြနဲ့"

ထယ်ယောင်းကို ‌Alphaတစ်ယောက်ကပွေ့ချီတာကို မြင်သည်နှင့် မီယောင်းလေးက ထအော်ငိုတော့သည်။

"တိတ်စမ်း!နင့်စောက်သံကို ပိတ်။နင်တို့အသံထပ်ကြားရင် အသေသတ်ပစ်မယ်"

"လူဆိုးကြီး မအေရိုးကြီး။ငါ့ကိုသတ်ရဲရင်သတ်ကြည့်စမ်း ဖေဖေနဲ့တိုင်ပြောမှာ အီးဟီး"

"ညီမလေး...!!"

လီယောင်းတားဆီးပေမဲ့ လွန်ခဲ့ပီ။Jay သည် မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးများဖြင့် ညီမလေးကို ပါးရိုက်တော့သည်။

*ဖြောင်း*

ညီမလေးသည် အားပျင်းလှသော ရိုက်ချက်ကြောင့် လဲကျသွားခဲ့ရသည်။နှုတ်ခမ်းထောင့်တွင်လဲ သွေးစတို့လွင့်စင်ကြလာရပီးနောက် လီယောင်းလဲ ‌jay ဆိုသူထံပြေး၍ ထိုလူ့ ဂွေးကျိနေရာအား ပြေးညှစ်ကာ မလွတ်တမ်း စုတ်ကိုင်ထားမိတော့သည်။ဒီနည်းလမ်းသည် ပါပါးသင်ပေးထားခြင်းဖြစ်သည်။တစ်စုံတစ်ရာ အန္တာရယ်နှင့်ရင်ဆိုင်ရပါက ချက်ကောင်းအား အမိအရ ညှစ်ရန် ပါပါးသင်ပေးထားခဲ့ပါသည်။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now