Part-6

9.6K 1.1K 93
                                    

ဂျောင်ကုဟာ သူ့Omegaရဲ့လက်ကိုခပ်တင်းတင်းဆုတ်ကိုင်ထားခဲ့တယ်။ဒီအလှလေးသာ ဘေးမှာရှိနေရင်အရာရာကို ရင်ဆိုင်နိုင်တယ်။

"ဟင်!မင်း ကဒီကိုဘယ်လို"

အကိုငယ်ယွန်ဂီဟာ အခန်းထဲရောက်လာသည်နှင့်တပြိုင်နက် ထယ်ယောင်းနဲ့ လက်တွဲထားတဲ့လူကိုမြင်ပီး အလွန်အံဩသွားရသည်။Alphaနဲ့Omegaရဲ့ အနံ့တွေဟာလဲ ကူးလူးနေကြတာကို မလိုချင်ပါဘဲကို ရနေခဲ့တယ်။

"ကျွန်တော် ယောင်းရဲ့ Alpha Jeon Jungkook ပါ"

ကြောက်ရွံချင်းလုံးဝမရှိသော မျက်လုံးအစုံဟာ အကိုငယ်ကို တည့်တည့်ကြည့်၍ ပြောလေသည်။ထယ်ယောင်းကတော့အရမ်းကိုကြောက်နေခဲ့ရပီ။Jeon တစ်ခုခုဖြစ်မှာစိုးသည့်စိတ်ကြောင့် Jeonလက်ကိုလဲ ကျစ်ကျစ်ပါအောင်ကိုဆုတ်ကိုင်ထားမိခဲ့သည်။

"အကိုငယ် Jeonကိုဘာမှမလုပ်ပါနဲ့နော်~ယောင်း Jeonကိုချစ်တယ်"

အကိုငယ်က ‌ဒေါသထွက်သည်လည်းမဆိုသာသော မျက်လုံးများဖြင့် ထယ်ယောင်းတို့နှစ်ယောက်ကို ကြည့်လာသည်။ကံကြမ္မာဆိုတာ လုပ်ယူလို့မှမရဘဲ။ဒီလူနှစ်ယောက်ရဲ့ကံကြမ္မာကအစထဲက ဒီလိုလာခဲ့တာဆိုတော့လဲ လက်ပိုက်ကြည့်ရုံသာ။

"သားတော်~အရမ်းကြာနေလို့ ဒီမှာ ဘိုဂမ်လဲ ရောက်...ရောက် ဟင်! မင်း မင်းဘယ်သူလဲ"

ထယ်ယောင်းဟာ ကြောက်စိတ်ကြောင့် အသားတွေပင်တုန်လာရသော်လည်း Jeonသည်တည်ငြိမ်နေဆဲ။

ခမည်းတော်နဲ့အတူ အကိုကြီးအပြင် အကိုဘိုဂမ်ရဲ့ မိသားစုပါ ပါလာကြသည်။Jeonက ယောင်းရဲ့လက်လေးကို တင်းကျပ်စွာပိုမိုဆုတ်ကိုင်လိုက်သည်။

"ပါပါး....ဒါ ယောင်းရဲ့ Mate..ယောင်းရဲ့ Alpha ပါ"

ခမည်းတော်ဟာဒေါသကြောင့်မျက်နှာတွေဟာ နီမြန်းလာပီး ထယ်ယောင်းတို့ကို ကြည့်နေသည်။အကိုကြီးနဲ့ အကိုဘိုဂမ်မိသားစုမှာလဲ ကြောင်ပီးကို ရပ်ကြည့်နေကြတာ။

ထယ်ယောင်းအခန်းလေးထဲမှာ ခမည်းတော်ရဲ့ Alpha Pheromoneနဲ့ Jeon ရဲ့ Alpha Pheromoneတို့အားပြိုင်မှုကိုခံစားနေခဲ့ရတယ်။သာမန်လူတောင် ပျော့ခွေနိုင်သော အားပြိုင်မှူတွင် ထယ်ယောင်းလဲ မျော့မျော့သာကျန်တော့သည်။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now