Part-17

10.3K 1K 59
                                    

တောက်လောက်ရသမျှ အပူမီးတွေထဲမှာ ဒီအပူမီးသည် ဆိုးဝါးလှစွာ။ဂျောင်ကုတစ်ယောက် ထယ်ယောင်းကို နမ်ဂျွန်းမှ ပွေ့ချီသွားသည်ကိုပင် တားနိုင်စွမ်းမရှိပါ။

ဘုရင်ရဲ့ အမိန့်သည်လဲ တစ်ဦးထဲသောချစ်ရသူ ဘုရင်မထံတွင် မသက်ရောက်နိုင်ပါ။ယောင်းခံစားရတာရဲ့ ထပ်တူနာကျင်မှုကိုခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ ဒေါသထွက်မိသည်က Jay...

မူးလဲလို့ဆိုသော Jay သည် သူရောက်သွားတော့ ငုတ်တုတ်ထိုင်လျက် ဝိုင်သောက်နေခဲ့သည်။
ဘာမှမဖြစ်မှန်းသိရတာမို့ ပြန်မည်အလုပ် Jay ကတားကာ သူနဲ့ ခနစကားပြောရန်ပြောလာတာကြောင့် ငယ်စဉ်ကသံယောဇဉ်ကို ထောက်ကာ Jay ဖျော်တိုက်သည့် ကော်ဖီပါ သောက်ခဲ့မိခြင်း။ထိုအရာကပင် အသိစိတ်မထိန်းနိုင်သည်ထိ အိပ်ပျော်သွားခဲ့ရသည်။

သို့သော်သူအသေအချာသိပါသည်။Jay ရဲ့အသားကို လက်ဖျားနဲ့ပင်သူ့ဘက်ကမထိခဲ့ဟူ၍။ယောင်းကို နားလည်အောင်ရှင်းပြချင်သော်လည်း သူမရှင်းပြရဲပါ။ဘာကိုမှ မကြောက်သည့် ဘုရင်က Omega လေးကို ကြောက်ရပါသည်။

"အကိုနမ်ဂျွန်း!ယောင်းအဆင်ပြေရဲ့လား"

"မေးရက်တယ်နော် အရှင်!ယောင်းက ဒီလိုအနေအထားမှာ အဆင်ပြေနေပါ့မလား"

"ကျွန်တော်မကောင်းတာပါ။ဒါပေမဲ့ ယောင်းနားလည်အောင် ရှင်းပြချင်ပေမဲ့ ယောင်းကခွင့်မပေးဘူးလေ။ကျွန်တော်အခု Jay ကိုသတ်ပစ်လိုက်ရမှာလား"

"အရှင်!အလျင်စလို မဆုံးဖြတ်ပါနဲ့။Jay ကသာမန်လူမဟုတ်ပါဘူး။ပြသနာကကြီးသွားပါလိမ့်မယ်အရှင်"

ယခုခေတ်အရ ဘုရင်က ကိုယ့်သဘောနဲ့ကိုယ်အပစ်ပေးလို့မရဘူးဆိုတာ သူသဘောပေါက်ပေမဲ့ Jay ကိုသတ်ပစ်ချင်နေမိပီ။

သူ Jay ရှိရာဆီ ခြေလှမ်းကျဲတို့ဖြင့် ပြန်လာခဲ့ပီး တံခါးကို ခြေထောက်ဖြင့်တွန်းကန်မိသည်အထိ။တုန်တက်သွားသော ကုတင်ပေါ်က ကိုယ်လုံးကို မသနားနိုင်။

"ကိုကို!!"

"မခေါ်နဲ့....မင်းကိုရွံလို့!လာ အခု ယောင်းကို မင်းလုပ်ရပ်တွေကို အမှန်အတိုင်းလိုက်ပြော။မပြောရင် မင်းကို ငါအခုသတ်မှာ"

The Alpha King And His Omega (Season-2) (Complete)Où les histoires vivent. Découvrez maintenant