Part-13

9K 1K 51
                                    

"ယောင်းလေး! အရမ်းနာကျင်နေရတယ်မလား!ငိုချလိုက်ပါ ။ယောင်းဘေးမှာ ကိုယ်ရ်ှိတယ်နော်"

ထယ်ယောင်းရဲ့ ကိုယ်လုံးလေးကို ယုယုယယထွေးပွေ့ကာဖြင့် ဇာပနပွဲတွင် သူနှစ်သိမ့်နေခဲ့ရသည်။ယောင်းက အခုအချိန်ထိ လုံးလုံးမငိုသေးဘဲနေနေခြင်းက သူ့ကိုပိုပီး စိတ်မကောင်းဖြစ်စေသည်။တတ်နိုင်ရင် ယောင်းရဲ့ နာကျင်မှုတွေကို သူအကုန်ယူကာခံစားပေးချင်မိသည်အထိ။

သူ့လည်ပင်းကို ခိုတွယ်ကာ နေနေတဲ့ ကလေးက ခမည်းတော်ရဲ့ အလောင်းနားကို သွားပင်မသွားကြည့်ခဲ့ပါ။လိုက်ပို့မည်လုပ်တော့လဲ အတင်းရုန်းကန်ကာ တားသည်။အဖေတစ်ခုသားတစ်ခုဘဝမို့ ကလေးက အတော်လေးခံစားနေရရှာတာ။

"ပြန်နားချင်တယ်!!"

သူ့ကိုတီးတိုးဆိုလာသော ယောင်းကို ပွေ့ချီလျက်သားဖြင့်ပင် အဆောင်သို့ပြန်ခေါ်လာခဲ့ရသည်။အကိုတွေကလဲထယ်ယောင်းကို ကြည့်ကာ စိတိမကောင်းဖြစ်နေကြပီး ကိုယ်ဝန်ကိစ္စလိမ်ညာသည်ကိုပင်ဆူဖို့ မေ့နေခဲ့ကြပီ။

အခုသူတို့ညီလေးဝမ်းနည်းနာကျင်နေရတာကို သိနေရတာကြောင့်မဆူရက်ပါ။

အခန်းထဲရောက်တော့ တစ်ခါထဲ ရေချိုးသန့်စင်ပေးရန် ရေချိူခန်းထဲသို့ ဖြူလွှလွှလူသားငယ်ကို ခေါ်ဆောင်လာခဲ့ရသည်။ရေချိုးကန်ထဲကို ဖြေးငြင်းစွာချပေးတဲ့ထိ မလှုပ်မယှက်။

အကျီအဖြူလေးကို ဂျောင်ကု သေချာ မပီးချွတ်ပေးတဲအထိ Alpha ကို မျက်တောင်မခတ်လိုက်ကြည့်နေတဲ့ သူ့ Omega လေး။

"ယောင်းလေး ဘာလိုချင်လို့လဲဟင်"

သူ့ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းလေးတွေဟာ တစ်ဖြေးဖြေး အညိုရောင်သို့ ပြောင်းလာပီး စိုစွတ်လာသည့် အရိပ်အငွေ့တွေ ဖြတ်ပြေးနေခဲ့တာမို့ ဂျောင်ကုလဲ ထယ်ယောင်းနားက ရေချိုးကန် အောက်ခြေဘက်တွင် ဒူးတစ်ဖက်ထောက်ထိုင်၍ ပါးနုနု‌တို့ကို အုပ်ကိုင်လိုက်သည်။

"ဂျွန်...ဂျွန်ကတော့ ယောင်းကို ထားမသွားဘူးမဟုတ်လားဟင်"

တိုးငြင်းသော အသံလေးဟာ သဲ့သဲ့ဆိုမှ သဲ့သဲ့ကလေးရယ်ပါ။သူ‌‌တောင် သေချာအာရုံစိုက်နားထောင်လို့ကြားရတာ။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now