Part-18 ⚠️

13.3K 1K 67
                                    

"တကယ်ပါ ယောင်းရယ် ကိုယ်အိပ်ပျော်သွားမိတာပါ Jayနဲ့ ကိုယ်ဘာမှမဖြစ်တာ ကိုယ်စောင့်နတ်တောင်သိပါတယ်။ယောင်းလို့...
တစ်ခုခုပြန်ပြောပါ စကားမပြောဘဲ အခုလိုကြီးမနေပါနဲ့ကွာ"

အခန်းထံသို့ ဦးတည်‌သွားနေတဲ့ ထယ်ယောင်းအနောက်သို့ လိုက်ချော့နေသူအား မည်သူမှ မလှောင်ရဲပါ။သူတို့အရှင်က ဒီ ဘုရင်မမှ မခေါ်ရင် သေဖွာရာသာရှိတော့သည့်ပုံ။

သနားစရာကောင်းသော မျက်နှာဖြင့် မျက်လုံးတွင်လဲ မျက်ရည်များဝေ့သီလျက်။ဒါလား ဘုရင်။

"ယောင်းရေ~ခရီးက ပင်ပန်းလာတယ်မလား။လာ ဒီမှာထိုင်"

အခန်းထဲတစ်လှုပ်လှုပ် လုပ်နေတဲ့ ယောင်းကို လက်ကနေဆွဲချပီး ထိုင်ခုံပေါ်ထိုင်စေတော့ မငြင်းပါ။

ထယ်ယောင်းရဲ့ အောက်ခြေတွင် ဝင်ထိုင်ကာ အညို‌ရောင် ဘောင်းဘီဝတ်ထားသော ‌ခြေထောက်တို့အား ဆွဲယူ၍ သူ့ပေါင်ပေါ်တင်လိုက်သည်။ဘောင်းဘီကို အောက်ခြေမှစပီး အပေါ်ကို လိပ်တင်ပေးတော့ အမွှေးအမျှင်ကင်းစင်သည့် ခြေသလုံးခပ်ဝင်းဝင်း။

‌ယောင်းကို မော့ကြည့်တော့ ဘေးနားက ဖုန်းကို ယူ၍ ကြည့်နေသည်။‌‌စိတ်ကောက်နေသူကလေးငယ်အား ချော့ဖို့ရန် Alpha က အစွမ်းကုန်ကြိုးစားနေခဲ့သည်။

"ခြေထောက်လေးတွေရော ညောင်းနေမှာပေါ့။တစ်နေကုန်လည်ထားရတာမဟုတ်လား?
ကိုယ်သတင်းအမြဲကြားနေပါတယ်။ယောင်းက လျှောက်လည်နေရတာ ညောင်းနေမှာပဲ။ကိုယ်နှိပ်ပေးမယ်နော်"

ပြောရင်းဖြင့် ခြေသလုံးသားတို့ကို လက်ချောင်းများဖြင့် ဖြေးဖြေးချင်း နှိပ်ကာ စကားတစ်တွတ်တွတ်‌ဆိုနေလေသည်။ထယ်ယောင်းအနေနဲ့ ဂျွန့်ကိုယုံတယ်ဆိုပေမဲ့ စိတ်ဆိုးကတော့ မပြေချင်သေးပေ။

မပတ်သက်သင့်သူကို သွားပတ်သက်လို့ ပစ်ဒဏ်ခတ်တာ ဂျွန်နားလည်ဖို့ကောင်းသည်။

"ယောင်းလေးရဲ့ ခြေထောက်လေးတွေကတကယ်လှတာပဲ။အမွှေးအမျှင်လဲမရှိဘူး။မွှေးနေရောပဲ"

ပြောရင်းဆိုရင်း ခြေထောက်တွေကို ငုံ့နမ်းလာသူကြောင့် ထယ်ယောင်းတွန့်သွားမိသည်။ဒါမလုပ်သင့်ဘူးမဟုတ်လား။ဘာနေနေ အခုအချိန် ဂျွန်က အများအမြင်မှာ ဘုရင်ပဲလေ။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now