Part-21

8.3K 878 15
                                    

"၃ရက်ထဲပါ ဂျွန်ရယ်~ ယောင်းလဲမသွားမဖြစ်သွားရတာပါ ။ဂျွန်လဲသိရက်သားနဲ့ ဂျီမင်းက ယောင်းအလှည့်တုန်းက အနားမှာ နေပေးခဲ့တာကို...အခု သူမွေးခါမှမသွားရင် ဘယ်ကောင်းပါ့မလဲလို့နော်.."

ဂျီမင်းက လစေ့ခါပီးဖြစ်သော ကိုယ်ဝန်ကြောင့် အကိုငယ်တို့ ပြည်နယ်ကို အကိုငယ်ကပို့ပေးထားတာ။အခု ကလေးမွေးပီဆိုပီး ထယ်ယောင်းကို လှမ်းအကြောင်းကြားခဲ့သည်။ယောက်ကျားလေးမွေးသော ဂျီမင်းသည် သားအိမ်တုဒဏ်ကြောင့် အိပ်ရာထဲလဲနေပါသည်တဲ့။

"ကလေး‌တွေကရော..."

"ခေါ်သွားရမှာပေါ့ ဂျွန်ရဲ့ ။ သူတို့လဲ သူတို့ အငယ်ဆုံးလေးကို တွေ့ချင်ရှာမှာပေါ့"

"အင်းပါ။ကိုယ်ကတော့ ယောင်းသိတဲ့ အတိုင်းပဲ ဖွဲ့စည်းပုံတွေပြင်နေရတာမို့ မအားလပ်နိုင်ဘူး။ဒီကြားထဲ ကမ္ဘာ့နိုင်ငံရေးကလဲ ဂယက်ထနေတာ‌ဆိုတော့ ကိုယ်ရှိမှ ဖြစ်နေမှာ။"

ထယ်ယောင်းက ဂျောင်ကုရဲ့ Necktie ကို ပြင်နေလိုက်ပီး ပါးပြင်ကို နမ်းလိုက်ပါ‌သေးသည်။ဒီOmega ကလူကို အသဲယားအောင်လုပ်နေတာ။

"အင်းပါ။ရတယ် ယောင်းပဲ ကလေးတွေနဲ့ အတူတူသွားလိုက်မယ်နော်။ဂျွန့်ကိုချစ်တယ်"

"ကိုယ်လဲ ချစ်တယ်"

"ကဲ ပီးပီ .."

Necktieကို လွှတ်‌လိုက်ပေမဲ့ ထယ်ယောင်းကို ဂျွန်ထံမှ မလွတ်သေးဘူး။ဂျွန့်လက်တွေက ခါးတစ်ဝိုက်ရစ်ပတ်ထားသောကြောင့်။

မြဲမြံစွာ ဖက်တွယ်ထားတဲ့ လက်တွေကြား ထယ်ယောင်း ခါးလေးကျိုးမှာ‌တောင်ကြောက်ရတယ်။
ဂျွန်က ထယ်ယောင်း မျက်နှာနားထိ ခေါင်းစောင်းလာသောကြောင့် ရင်ခုန်သံတွေ မြန်လာရတယ်။

Alpha ရဲ့ ထိန်းချုပ်လိုသော Pheromoneတွေဟာလဲ တစ်စိမ့်စိမ့်အခန်းတွင်း ပျံ့နှံ့လာပီးနောက် ထယ်ယောင်း နှုတ်ခမ်းလေးဟာ နွေးထွေးသွားခဲ့ရ၏။ဂျွန်က နှုတ်ခမ်းလေးကို မြိန်ရေယှက်ရေကို သုံးဆောင်‌နေခဲ့တာ။ဂျွန့်အနမ်းတွေနောက် အမှီလိုက်ရင်းက မောပန်းလာသောကြောင့် ဂျွန့်အကျီစကိုတင်းတင်းဆွဲတာ ထယ်ယောင်းအသက်ရှုခွင့်‌တောင်းမိတော့သည်။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now