ONE( Extra)

4.5K 412 15
                                    

(စာအုပ်ဝယ်မှ ဖတ်ရတာမျိုး မဖြစ်စေချင်လို့ စာဖတ်သူတွေအတွက် Extra Book လေးထဲက အပ်ိုင်း ၃ ပိုင်းကို တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။)

___________

ထယ်ယောင်းတို့အိမ်အသစ်လေးဟာ သားနဲ့သမီးရဲ့ ဆည်းလည်းသံလေးတွေကြောင့် ဆူညံနေ‌ တတ်တယ်။အထူးသဖြင့် သမီးငယ်ပဲပေါ့။ဟိုဟိုဒီဒီ ပြေးလွှားရင်း ဖေဖေ့ကိုချွဲလိုက် ပါပါးကို ချွဲလိုက်ဖြင့်ပါပဲ။သားကြီးကတော့ စာတွေဖတ်လိုက်၊တိုက်ကွမ်ဒိုကစားလိုက်သာလုပ်ပီး မိဘတွေကို မချွဲဘဲ သူ့ဟာသူနေသည်။

သားနဲ့သမီးက ၁၂နှစ်ဆီပြည့်ကြပြီးး ထယ်ယောင်းနဲ့ ဂျွန်ရဲ့ အိမ်ထောင်သက်ဟာလဲ ၁၃နှစ်တောင်ကျော်ခဲ့ပြီ။ထယ်ယောင်းအသက်က ၃၂နှစ်ပြည့်ပြီးး ဂျွန်က ၃၄နှစ်ပြည့်ပီးခဲ့ပြီ။သို့သော်ဂျွန်သည် ခန့်ညားဆဲ၊ကြည့်ကောင်းဆဲသာဖြစ်သည်။ထယ်ယောင်းကတော့ နဂိုအရွယ်ထက်ပင် လျော့ကျမသွားဘဲ ပ်ိုတောင် နုဖတ်ကာ လှလာခဲ့သည်။

ထယ်ယောင်းလဲ ရောက်တတ်ရာရာတွေးကာဖြင့် ဆံပင်ရှည်တို့ကို သေချာဖြီးသင်နေခဲ့သည်။ဂျွန်တယုတယ ကိုင်ကာ ညစဉ်ခေါင်းတိုး‌၍ မွှေးတတ်‌သော ဒီဆံပင်ရှည်တို့ကို ထယ်ယောင်း မြတ်နိုးပါသည်။ဂျွန်က အနည်းငယ် ရှည်စဉ်မှာပင် ယောင်းက ဆံပင်ရှည်နဲ့ လှလိုက်တာဟု ပြောကထဲ ‌ထယ်ယောင်းမညှပ်ဖြစ်တာ သားနဲ့သမီး တသက်ပင်ဖြစ်သည်။အခုဆိုတင်ပါးတောင် ကျော်ရောပေါ့။အောက်ဖျားလေးတွေရှည်လာရင် သာ အနည်းငယ် တိဖြစ်ခဲ့တာ။

"ယောင်းလေး!ကိုယ် ဖြီးပေးမယ်လေ"

ထယ်ယောင်းရဲ့ ချစ်ရပါသော alpha က အပြင်ကပြန်ရောက်လာတာနဲ့ ထယ်ယောင်းအနားရောက်လာပြီး ဘီးယူကာ ဆံနွယ်ရှည်တွေကို ဖွဖွဖြီးပေးတော့သည်။

"ဂျွန်~အလုပ်က အဆင်ပြေခဲ့ရဲ့လား"

ဂျွန်က ဘုရင်ဘဝကအငြိမ်းစားယူခဲ့ပီးနောက် Jewellery Company တခုထောင်ကာ ဦးစီးနေသည်။ထယ်ယောင်းကို မင်းသားလေးတပါးလို အိမ်စေတွေနဲ့ အိမ်ထဲမှာ ဂျွန်ကထား‌လိုသောကြောင့် ကြိုးစားနေခဲ့တာဟု ဆိုသည်။

သို့သော် ထယ်ယောင်းက အိမ်ထဲမှာပဲ အမြဲမနေလိုသော Omega အဆိုးလေး ပီပီ Jimin နဲ့အတူတူCoffee ဆိုင်လေးတဆိုင်ဖွင့်ထားခဲ့သည်။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now