Part-4

9.9K 1.2K 103
                                    

ယောင်းကို သူနေတဲ့ အဆောင်ကို မခေါ်ချင်ဘူး။ယောင်းရဲ့ Pheromoneကိုအဆောင်က ကောင်‌တွေကို ပေးမရှုရှိုက်စေချင်ဘူး။Omega လေးရဲ့ ကြာဖြူရနံ့သည် သူ့တစ်ယောက်ထဲအတွက်သာ ဖြစ်စေရမည်ဟု ခံယူထားသည်။

Paradise Hotelဆိုတဲ့ ဆိုင်းပုတ်လေးကို မြင်တော့ ယောင်းက အံဩနေဟန်။လက်ကိုတင်းတင်းဆုတ်ကိုင်၍...

"ယောင်း မကြောက်နဲ့နော် ကိုယ်ဘာမှမလုပ်ဘူး။အေးဆေးတွေ့လို့ရအောင်ခေါ်လာခဲ့တာ"

"ဟုတ်..Jeon"

ဂျောင်ကုရဲ့ Omega လေးက သိပ်ကိုလိမ်မာတာပဲဖြစ်သည်။Alphaကို ကြောက်လန့်ခြင်းမရှိဘဲရင်းနှီးကျွမ်းဝင်နေတာကလဲ ရှေးဘဝရဲ့ရေစက်လို။

အခန်းထဲရောက်တော့ ကျုံ့ကျုံ့လေး ကုတင်ပေါ်ထိုင်နေသည်။ဂျောင်ကုရဲ့ အသဲယားမှုဟာ ခံနိုင်ရည်ကုန်ဆုံးသွားခဲ့ရပီ။ကောက်ပွေ့ကာ သယ်သွားချင်စိတ်ကို ချိုးနှိမ်၍ ထယ်ယောင်းဘေးက်ုဝင်ထိုင်လိုက်သည်။

"ယောင်း...ကိုယ်တကယ်လွမ်းနေတာသိလား"

"ဟုတ်...ယောင်းရောပဲ"

"ယောင်း ကိုယ့်ကိုကြောက်နေတာ‌လား"

"မကြောက်ပါဘူး...Jeonကို"

"ဒါဆိုဘာလို့ အရင်လိုစကားမပြောရတာလဲ ငြိမ်နေလိုက်တာ"

"ဟို ဒီလိုပဲ...Jeon ရဲ့ Pheromoneက..အဲတာ"

ယောင်းက သူ့Pheromone ကိုခံနိုင်ရည်မရှိသလိုပြောသည်။မျက်လုံးပြာလေးများဟာ ဟိုဟိုဒီဒီရွေ့လျားနေပီး Alpha ရဲ့ အနံ့ကို စိတ်လှုပ်ရှားကြောင်းပြသလေသည်။

"ယောင်း ကိုယ့်ကိုချစ်လား"

"ဟင်! ရုတ်တရက်ကြီး"

ထယ်ယောင်းရဲ့ ပုခုံးသားနုနုကို Alpha က ဆုတ်ကိုင်၍မေးလာသည်။

"ဖြေပါယောင်းရယ်နော်"

"ယောင်းမသိဘူး...ဒါပေမဲ့ Jeon နဲ့ အမြဲတွေ့ချင်နေတယ်။မမြင်ရရင်လွမ်းတယ်။"

Omega လေးဟာ အဖြူထည်လေးပင်ဖြစ်သည်။ချစ်တာကိုပင်ချစ်တယ်ဟုပြောမထွက်ပေ။သူ့ရဲ့ မျက်လုံး‌တွေဟာ omega ရဲ့ အနံ့ကြောင့်ပြောင်းလဲလာခဲ့ရပီ။ယောင်းက စိတ်လှုပ်ရှားတာနဲ့ Pheromoneကို ထုတ်နေမိတော့တာ။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now