Part-2

12.1K 1.3K 88
                                    

ထိုမျက်ဝန်းပြာလေးရဲ့ နာမည်ကို IG မှာ မရမကလိုက်ရှာကြည့်မိတော့တယ်။‌

ထိုဟာလေးက Brus King ရဲ့ သားတော် Omega လေးတဲ့လား!!

ဖုန်းနံပတ်ကို ခေါ်ကြည့်တော့ စက်ပိတ်ထားသည်နှင့်သာကြုံရသည်။ကြည့်ရတာ ယောင်းဘေးက ဟိုကောင်လေးကြောင့်များလား!!

စွဲလမ်းရတဲ့ မျက်ဝန်းလေးတွေရဲ့ ပိုင်ရှင်ကြောင့် မချစ်ဖူးသေးတဲ့ Alpha ရဲ့ နှလုံးသားဟာ ထူးထူးဆန်းဆန်းနာကျင် အောင့်မျက်နေခဲ့တယ်။
အိမ်မက်‌တွေထဲ တခါတရံ ရောက်ရောက်လာတဲ့ ဖြူလွှလွှအရိပ်ကလေးဟာ တခါတရံ ဝမ်းပန်းတနဲငိုကြွေးနေတယ်။

မျက်လုံးစုံမှိတ်ကာ အသက်ဖြေးဖြေးရှုတော့ ပေါ်လာတဲ့ ပြကွက်တွေက ရုပ်ရှင်ဆန်ဆန် ဖြစ်လို့နေတယ်။ထိုတစ်စုံတစ်ယောက်ကပဲ သူ့နှလုံးသားကို အပိုင်သိမ်းထားခဲ့ဟန်....

အလှမ်းကွာဝေးလွန်းတဲ့အလှလေးကို ထပ်တွေ့ချင်ရင်တောင် မတတ်နိုင်တဲ့ အခြေအနေမှာ တပတ်တိုင်တိုင် လွမ်းဆွတ်ခြင်းကိုသာ အဖော်ပြုနေရတယ်။

ထူးတော့ထူးဆန်းသား တကြိမ်တခါထဲနဲ့ နှလုံးသားထဲထိရောက်လာခဲ့မယ်ဆိုတာ ဘယ်သူကထင်မှာလဲ...

ယောင်းအနားကို ရောက်ဖို့ လုပ်ယူဖို့လဲ မစွမ်းနိုင်တာမို့ ဒီတိုင်းလေးသာ ငေးကြည့်ရုံ။

သို့ပေမဲ့ နောက်တခါလောက်တော့ နှုတ်ခမ်းရဲရဲလေးကို ထပ်မြည်းစမ်းချင်သား...

"ဂျောင်ကု ဒီနေ့ကျောင်းမသွားဘူးလား"

သူ့အခန်းဖော် အကိုဟိုဆော့က လာမေးနေတာမို့ သူလဲခေါင်းသာခါပြလိုက်သည်။အကိုဟို‌ဆော့ကသူ့ထက်တစ်နှစ်ကြီးတဲ့ စီနီယာဖြစ်သည်။ ဒီနေ့ကျောင်းသွားရမှာတောင် စိတ်မပါတဲ့အထိ အတွေးထဲလွှမ်းမိုးထားခဲ့သည်။

"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"ကောင်းပါတယ် အကိုရယ် စိတ်မပါလို့ပါ"

"ပျင်းနေတယ်ဆိုပါတော့! ဒါဆို ငါနဲ့ လိုက်ခဲ့လေ ငါ့ညီဆီသွားတွေ့မလို့"

"မလိုက်တော့ပါဘူး ဒါနဲ့ဘယ်ကညီလဲ?"

"အမေတူ အဖေကွဲညီပါကွာ အမေနဲ့ အ‌ဖေကွဲပီး အမေက ဗိုလ်ချုပ်ကြီးနဲ့ လက်ထပ်သွားတာ။ငါကတော့ အဖေနဲ့ နေခဲ့တာ။ အမေက သားတစ်ယောက်ထပ်မွေးလိုက်တော့ ငါကညီလေးထပ်ရတာပေါ့"

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now