Part-3

10.8K 1.2K 94
                                    

"တော်ပီ ကင်ထယ်ယောင်း ဒီတခါငါလုံးဝမလိုက်နိုင်ဘူးနော်"

"လုပ်ပါဂျီမင်းရယ်~ မင်းကိုငါ ဂိမ်းစက်ဝယ်ပေးပါ့မယ်...ps-9 လိုချင်တယ်ဆို ငါဒီနေ့ဝယ်ပေးမယ်ကွာနော်"

ထယ်ယောင်းရဲ့ ဂိမ်းစက်ဝယ်ပေးမယ်ဆိုသော စကားကြောင့် ဂျီမင်းရဲ့ မျက်လုံးအစုံဟာ အနည်းငယ်ထက်ပို၍ အရောင်လက်လာခဲ့သည်။ထယ်ယောင်းသိတာပေါ့ ဒီကောင်က ဂိမ်းဂျိုးဆိုတာကို...

"အေးပီးရောကွာ ~ဒါပေမဲ့ အဲဒီ့အစား မင်းအနက် ကောင်နဲ့ ထပ်မနမ်းရတော့ဘူးနော်"

"ဘာဖြစ်လို့လဲ!!မင်းကလဲ.…."

"ဟ! ဘာဖြစ်ရမှာလဲ!မင်းက omega ,သူက alpha လေ ရှော့တွေဖြစ်ကုန်မှာပေါ့ကွ"

"အေးပါကွာ မနမ်းတော့ပါဘူး"

ဂျီမင်းက စိတ်မကောင်းဖြစ်သွားတဲ့ ထယ်ယောင်းကို ကြည့်ကာအံဩမိသည်။

Alpha နဲ့ Omega ဟာတကယ်တော့ မထိတွေ့သင့်တဲ့လူသားဖြစ်သည်။ထိုထဲမှာမှ ထယ်ယောင်းက Prince ဖြစ်နေခြင်းက ပို၍ ဆိုးစေသည်။

Alpha နဲ့ ခိုးတွေ့နေတာကို King သိပါက ဂျီမင်းလဲ ကောင်းကောင်းရှင်သန်နိုင်မည်မဟုတ်။ဒါပေမဲ့ အရမ်းကို ဖြစ်နေတဲ့ ကင်ထယ်ယောင်းကို သနားမိတာကြောင့် ကူညီရပေဦးမည်။

ဂိမ်းစက်လိုချင်လို့ မဟုတ်ဘူးနော်...

"အဲတာက ဘာဖြစ်တာလဲ?"

"ဘာမှမဖြစ်ပါဘူး Jeon က ငါသွားတွေ့တာရော ကြိုက်ပါ့မလား ငါ့က်ိုတကယ်ချစ်တာရော ဟုတ်ပါ့မလားလို့ စဉ်းစားနေတာပါ"

"ရား!!သူ့လိုကောင်က မင်းလို လှတပတ omega ကိုမှ မကြိုက်ရင် ရူးနေတာပဲ...ထယ်ယောင်းရယ် အများကြီးတွေးပီး စိတ်မကောင်းဖြစ်မနေနဲ့ မင်းအခု alpha အနက်ကောင်ကို တွေ့ချင်တယ်မဟုတ်လား~ငါကူညီမယ် တော်ပီအဲဒီ့ရုပ်လုပ်မနေနဲ့တော့"

ထယ်ယောင်းရဲ့ မျက်နှာလေးဟာ ပြန်လည်ဝင်းပလာခဲ့ပီး ဂျီမင်းပေါ်ကို ခုန်တက်လိုက်တော့သည်။

"ရေး!! ဂျီမင်းနီး အကောင်းဆုံး"

ဂျီမင်းကအကောင်သေးသော်လည်း ထယ်ယောင်းကိုတော့ကောင်းကောင်းနိုင်ပါသည်။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now