Chapter 12 - Unicode

7.2K 678 5
                                    

"သြော် အကုန်ပြည့်နေတာလားဗျ"

စိုင်းမာန်သစ်တို့ ရမ်ခလှမ်းပို့လိုက်တဲ့ တည်းခိုခန်းဆီသွားတော့ ပြဿနာက တက်တော့သည်။ နယ်မြို့လေးဖြစ်သည့်အပြင် တည်းခိုခန်းသာဖြစ်တာကြောင့် အခန်းကျယ်ကမရှိပေ။ တစ်ယောက်တစ်ခန်းစီငှားဖို့ပြင်တော့လည်း မုန်တိုင်းကြောင့် ကျန်တဲ့အခန်းတွေအကုန်လုံးက လူပြည့်နေတာဖြစ်နေပြန်သည်။

"ဟုတ်တယ်ဗျ တစ်ယောက်အိပ်ခုတင်ဆိုပေမယ့် ကျယ်ပါတယ် အားနာပါတယ် ဒါပဲရတော့မယ်ဗျ"

"အောက်မှာခင်းအိပ်ဖို့ တစ်ခုခုရော ရနိုင်မလားဗျ"

"စောင်နဲ့ဖျာတော့ပေးနိုင်ပါတယ် ဒါပေမဲ့ မိုးကလည်း အေးနေတာ တော်တော်ချမ်းလိမ့်မယ်ထင်တယ်"

"ရပါတယ် ကျွန်တော့်ကို အခန်းထဲ အဲဒါလေးသာ ထည့်ပေးပါဗျ"

စိုင်းမာန်သစ် ၀န်ထမ်းကောင်လေးကို ပြောကာ ဘုန်းပြည့်အာဏာရှိရာ တည်းခိုခန်းရှေ့သို့

"ဥက္ကဌကြီး အခန်းက တစ်ခန်းပဲရတယ်ဗျ"

"အင်း သွားမယ်လေ"

စိုင်းမာန်သစ်ကပဲ ဦးဆောင်ပြီး ယူထားတဲ့ အခန်းရှိရာကို သွားလိုက်သည်။ အခန်းက အကျယ်ကြီးမဟုတ်ပင်မဲ့လည်း တအားကျဥ်းနေတာမျိုးမဟုတ်လို့ အသက်ရှူချောင်သွားသည်။ ရေချိုးခန်းပါတွဲပါတာမို့ အဆင်တော်တော်ပြေသည်ဟု ပြောလို့ရသည်။

"ဥက္ကဌ ကျွန်တော် လိုအပ်တာတွေ သွား၀ယ်လိုက်ပါဦးမယ် အင်္ကျီတစ်စုံနှစ်စုံလောက်ရော ဒီမှာနားနေခဲ့ပါဗျ"

စိုင်းမာန်သစ်ရဲ့ အေးစက်နေမှု့ကြီးက ဘုန်းပြည့်အာဏာကို အတော်ပင်နေရခက်စေသည်။ သွားတွေပေါ်အောင် ပြုံးနေတတ်သူရဲ့ နှုတ်ခမ်းတွေက တွန့်ချိုးမှု့ ကင်းမဲ့နေတဲ့အခါ သိပ်အထီးကျန်ဆန်လွန်း၏။ ဘုန်းပြည့်အာဏာအနေနဲ့ လက်နဲ့သာ ဖြဲပြီး ပြုံးခိုင်းချင်နေမိသည်။

သူတွေးနေတုန်းမှာပင် စိုင်းမာန်သစ်က တံခါးကိုဖွင့်လို့ အပြင်ထွက်မည်ပြုနေပြီဖြစ်သည်။

"စိုင်းမာန်သစ်"

"ဗျာ ဘာမှာစရာရှိလို့လဲဗျ"

LOLLIPOPWhere stories live. Discover now