Chapter 18 - Unicode

7.3K 651 11
                                    

"လှ၀င်းနွယ် အဲ့ကလေးကို ဘာလို့ မွေးစားမှာလဲ?"

"အို ရှင်မသိပါဘူး သူက ကျွန်မသူငယ်ချင်းရဲ့ သမီး ကျွန်မမှာလည်း စောင့်ရှောက်ရဖို့တာ၀န်ရှိတာပဲ"

"အဲ့ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် မဟုတ်တာ မင်းရောငါရောသိနေတာပဲလေ"

"ကျွန်မတော့မသိဘူး ကိုသီဟ"

ဘုန်းပြည့်အာဏာ မိဘတွေရဲ့ အိပ်ခန်းမှ တိုးတိုးတိတ်တိတ်ထွက်လာနေသောအသံများပင်။

"ဘာလို့မသိရမှာလဲ ကောင်မလေးမှာ သူ့ဦးလေးတွေရော ကျန်တဲ့ မိသားစု၀င်တွေရောရှိသေးတယ် မင်းထက် သွေးနီးတဲ့သူတွေမှအများကြီးပဲ မင်းအကြောင်းငါမသိဘူး မှတ်နေလား?"

"အို ရှင်ကလည်း ရေကန်အသင့်ကြာအသင့်လို့ မှတ်လိုက်ပေါ့ အပိုအမွေတွေတောင်ရဦးမှာ"

မျက်နှာကို ၀င့်ထည်စွာနဲ့ ပြောလိုက်သည်က သာမန်ကိစ္စရပ်ကလေးတစ်ခုလို။ သူ့ဇနီးက ဘယ်တုန်းကတည်းက ဒီလို ဉာဏ်များတဲ့သူအဖြစ်ပြောင်းလဲသွားရတာလဲ ဆိုတာ ဦးသီဟနိုင်မတွေးနိုင်တော့တာကြောင့် ပါးစပ်အဟောင်းသား။

"ငါလက်မခံနိုင်ဘူး အဲ့ကလေးကို အသုံးချခံအဖြစ် လက်မခံနိုင်ဘူး"

"အဲတော့ ရှင်က ဟိုကောင်လေးကို ခေါ်ပေးမလို့လား?"

"ခေါ်ပေးသင့်ခေါ်ပေးရမှာပဲ"

"ဘာရှင့် သူတို့နဲ့ ၀ေးအောင် တမင်ပြေးလာတာကို ဘာလို့ အဲ့ကောင်လေးကို ခေါ်ပေးရမှာလဲ?"

"အဲ့လောက်မလိုတဲ့ကိစ္စကို မင်းကဘာလိုတအားတယူသန်နေရတာလဲ"

"လိုတယ်ရှင့် လိုတယ် ရှင် ကျွန်မမောင်လေးကိစ္စကို ရင်၀င်မနာတာ အကြောင်းမဟုတ်ဘူး အခုက ရှင့်သားရှင့် ရှင့်သား"

"မင်း ဘယ်လိုတွေဖြစ်နေတာလဲ ယောက်ဖတို့ကလည်း အသက်တွေရနေပြီ သျှင်ရဲတောင် သားနဲ့ရွယ်တူ ပြီးတော့ ဒီမှာနေတာလည်း မဟုတ်ဘူး သားတို့ကလည်း ငယ်ငယ်လေးတွေရှိသေးတာကို မင်းကိုက အတွေးတွေများနေတာ"

"တစ်ခါသေဖူး ပျဥ်ဖိုးနားလည်တဲ့ ရှင်ကသေမှမသေဘူးဘဲ"

ဒေါ်လှ၀င်းနွယ် သူ့ကို အတွေးတွေလွန်တယ်ပြောချင်လည်း ပြော အတ္တကြီးတယ်လို့ ပြောချင်လည်းပြော ကိုယ့်၀မ်းနာကိုယ်သာအသိဆုံးဖြစ်သည်။ သဘာ၀ကို ဆန့်ကျင်တဲ့လုပ်ရပ်ကို သူ့မောင်က လုပ်ခဲ့သည်။ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်။

LOLLIPOPWhere stories live. Discover now