Chapter 15 - Unicode

7.2K 644 9
                                    

"ဥက္ကဌ ကျွန်တော်တို့ ဂိမ်းတစ်ခုလောက်ဆော့ကြမလား?"

ရုတ်တရတ် အတည်ပေါက်ကြီးထပြောလိုက်သော စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာ မျက်နှာပင် အရှေ့ကို နည်းနည်းတိုးသွားရသည်။

"ဂိမ်း?"

"အင်း ဂိမ်း"

"ဘာဂိမ်းလဲ?"

"ရော့"

စိုင်းမာန်သစ်က သူ့အိတ်ကပ်ထဲကနေ Lollipop နှစ်ချောင်းကို ထုတ်ကာ ဘုန်းပြည့်အာဏာကို တစ်ချောင်းပေးလိုက်သည်။ ဘုန်းပြည့်အာဏာကတော့ ထို Lollipop နှစ်ချောင်းကို ကြောင်လို့သာကြည့်နေသည်။

"ငါက ဒါကို ဘာလုပ်ရမှာလဲ?"

"မနေ့ညက သွားမယ့် ရေကန်ကို အခုသွားလည်း လှတယ်တဲ့ အဲဒါ သွားတဲ့ လမ်းမှာ ဒီ Lollipop ကိုစားမယ် အရင်ကုန်တဲ့သူက အနိုင်"

အခု စိုင်းမာန်သစ်က သူ့ကို ချိုချဥ်ပြိုင်စုပ်ဖို့ပြောလိုက်တာဖြစ်သည်။ အသက်နှစ်ဆယ့်ရှစ်နှစ်နဲ့ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ယောက်ျားလေး နှစ်ယောက်က ချိုချဥ်ပြိုင်စုပ်ရမည်ဟု‌ေပြာလိုက်ခြင်း။ ဘုန်းပြည့်အာဏာမှာ အံ့ဩလို့ပင်မဆုံး။

"ဟမ်"

"နားမလည်ဘူးလား လွယ်လွယ်လေးကို"

"နေဦး မင်းက ငါ့ကို ဒီ Lollipop ပြိုင်စားဖို့ပြောနေတာလား?"

ဘုန်းပြည့်အာဏာက တုတ်ချောင်းကနေကိုင်ကာ လက်ကိုလှုပ်ပြီး စိုင်းမာန်သစ်ကို ငုံ့ကြည့်ကာ မေးသည်။ စိုင်းမာန်သစ်ကလည်း ခေါင်းကိုတွင်တွင် ငြိမ့်ကာ နှုတ်ခမ်းကို ပို၍ပင်စေ့ထားကာ ကလေးတစ်ယောက်လို မျက်လုံးပြူးလေးနဲ့ ပြန်ကြည့်သည်။ ဘုန်းပြည့်အာဏာမှာ ပြောစရာစကားပင် ကင်းမဲ့သွားရသည်။ စိုင်းမာန်သစ်က သူငယ်နာမစင်တာလား ဒါမှမဟုတ် သူငယ်ပြန်နေတာလား ဟုစဉ်းစားမိသွားသည်။ 

"ဒီဟာကိုလေ"

ဘုန်းပြည့်အာဏာက မယုံနိုင်စွာ ထပ်မေးသည်။ စိုင်းမာန်သစ်က စိတ်မရှည်ဟန်နဲ့ ခေါင်းညိတ်ပြကာ သူ့ကို မျက်မှောင်ကုတ်ကြည့်သည်။

"ဟုတ်ပါတယ်ဆို ဥက္ကဌကလည်း"

"မင်းက ကလေးလား?"

LOLLIPOPWhere stories live. Discover now