Chapter 22- Unicode

7.5K 701 24
                                    

ဦးစိုင်းတမာန် သူ့ဘေးမှာထိုင်ကာ ကျစ်သတ်နေသူကို ကြည့်ရင်း သက်ပြင်းချမိသည်။ သူတို့နှစ်ယောက်ဟာ မဖြစ်နိုင်တော့တာ သေချာနေခဲ့ပြီးပြီဖြစ်သည်။

"မင်းသိလား ငါတို့နှစ်ယောက်ရဲ့ အချစ်က အချိန်မှားပြီး ပေါက်ဖွားလာမိခဲ့ရုံတင်၊ အချစ်တွေစစ်ခဲ့ကြလည်း လူရွေးတွေမှန်ခဲ့ကြလည်း လူတွေလက်မခံနိုင်တဲ့အချိန် လူတွေလက်မခံနိုင်တဲ့နေရာမှာ လူတွေလက်မခံနိုင်တဲ့ အချစ်ကို ဖန်တီးခဲ့မိကြတာ"

ဦးလှမျိုးမြင့်ကတော့ တိတ်ဆိတ်စွာနားထောင်နေဆဲပင်။ မှန်နေသည့်စကားများမို့ သူလည်း မငြင်းသာ။

"ငါ့အမျိုးသမီးကလေ ငါ့ကို အခြောက်လို့သတ်မှတ်ပြီး သူကိုယ်တိုင်မွေးခဲ့တဲ့ သူ့သားကိုတောင် ပစ်ပစ်ခါခါဖြစ်နေခဲ့တာ၊ ငါနဲ့တူလို့ဆိုပြီး ငါ့ကိုမသတီလို့ဆိုပြီး အရွှဲ့တိုက်ခဲ့တာ၊ ငါ့ကြောင့် ငါ့သား မိခင်မေတ္တာဆိုတာတောင် ဘာမှမသိခဲ့ရတာ"

တစ်ဖက်လူဆွံ့အသွားအောင်ပြောနိုင်ရက်သူကြောင့် ဦးလှမျိုးမြင့်သည် စိတ်မကောင်းကြီးစွာဖြင့် ငေးနေရုံသာ တတ်နိုင်သည်။

"ငါမင်းကို ရွေးချယ်ခဲ့ပါတယ်၊ ပထမအကြိမ် တက္ကသိုလ်၀င်းထဲက ညောင်ပင်အောက်မှာ ငါကမင်းအပိုင်ဖြစ်နေဖို့ ရွေးချယ်ခဲ့တယ်"

အချိန်တွေဘယ်လောက်ပဲကြာကြာ ပြန်တွေးလိုက်တိုင်း ပြုံးရိပ်သမ်းစေမိသော အမှတ်တရများဖြစ်သည်။ ထိုအချိန်များတွင် သူရော၊ လှမျိုးမြင့်ရော ပျော်ရွှင်နေခဲ့ကြသည်သာ ဖြစ်သည်။

"ဒါပေမဲ့ လက်မခံနိုင်ကြတဲ့ ပတ်၀န်းကျင်ကြောင့် မင်းရောငါရောအရှက်ရခဲ့ရတယ် မင်းမိဘတွေကြောင့် ငါ့မိသားစုရော ငါရော သူများတံတွေးခွက်မှာပက်လက်မြောခဲ့ရတာ"

"ကိုယ်တောင်းပန်ပါတယ်"

တုန်ယင်နေတဲ့အသံနဲ့ ဦးလှမျိုးမြင့်ကပြောတော့ ဦးစိုင်းတမာန်က အရည်လဲ့နေတဲ့ မျက်၀န်းတွေကြားက ဖွဖွပြုံးသည်။ 

"ငါတို့ အိမ်ထောင်ကိုယ်စီကျပြီး ကလေးတွေရလာတဲ့အထိ အဆက်အသွယ်မပြတ်ခဲ့ကြဘူး၊ မင်းက မုဆိုးဖိုဖြစ်ကျန်ခဲ့ပြီး ငါကတစ်ခုလပ်၊ ငါမင်းကိုနောက်တစ်ကြိမ်ရွေးချယ်ခဲ့တယ် ငါတို့ငယ်ကြသေးတာပဲ မင်းမိဘတွေလည်းမရှိကြတော့ဘူး၊ မင်းအစ်မရဲ့စကားတွေက ငါ့ကိုရော ငါ့သားကိုရော"

LOLLIPOPWhere stories live. Discover now