Chapter 27 - Unicode

8.1K 659 12
                                    

(Warning Alert : Adult Scene included)

ချစ်တယ်ပြောကာမှ ပိုတိုးငိုနေသော စိုင်းမာန်သစ်ကြောင့် ဘုန်းပြည့်အာဏာ မျက်ရည်တွေကို သုတ်ပေးရင်း မငိုတော့ဖို့ ပြောနေရသည်။

"ဘာလို့ ဒီလောက်ထိငိုနေရတာလဲ?"

"ခင်ဗျားကြောင့်မို့လေ ခင်ဗျားကြောင့်မို့"

"ကိုကို မဟုတ်တော့ဘူးလား ကလေးလေးရဲ့"

ရုတ်တရတ်ကြီး တဟုန်ထိုး တိုးတက်သွားတဲ့ အခြေအနေကြီးကြောင့် စိုင်းမာန်သစ်အငွေ့ပြန်ချင်သလိုဖြစ်သွားရသည်။ ဘုန်းပြည့်အာဏာက ဘယ်တုန်းက အဲ့လိုတွေပြောတတ်သွားတာလဲဆိုတာကို သူ့မှာ အပြေးအလွှားနားမလည်နိုင်အောင်ဖြစ်ရသည်။

"မခေါ်ဘူး ခင်ဗျားကို မခေါ်ဘူး"

"ခုဏကတော့ ချစ်တယ်ဆို"

"မချစ်ဘူး မချစ်ဘူးလို့"

"ဟောဗျာ ကိုယ့်ကို Game ဘာညာ လိမ်ဆင်တွေလုပ်ပြီး ဖွင့်ပြောခဲ့တာဘယ်ကောင်လေးလဲ? ညကြီးမင်းကြီး ကိုယ့်ဆီရောက်ချလာပြီး ပြေးဖက်တာ ဘယ်သူလဲ? အခုထိ ကိုယ့်ကို ပျောက်သွားတော့မတတ်ဖက်ထားတာ ဘယ်သူလေးလဲ?"

ဒီလူက ဘုန်းပြည့်အာဏာလုံး၀မဖြစ်နိုင်ဘူးဟု စိုင်းမာန်သစ်သိလိုက်သည်။ လူစားထိုးခံလိုက်ရတာများလား။ ပြိုင်ဘက်ကုမ္ပဏီက ခေါင်းကိုချောင်းရိုက်လိုက်လို့များ ရူးသွားတာလား။ စိုင်းမာန်သစ် တကယ်ကိုတွေးနေရပြီ။ ငိုချင်နေတာတောင် ကြက်ပျောက်ငှက်ပျောက်။

ဒါပေမဲ့ သူဘုန်းပြည့်အာဏာကို ဖက်ထားမိတုန်းပင်။ သူဘုန်းပြည့်အာဏာရဲ့ ရင်ခွင်ကျယ်ကနေ မခွာဖြစ်ခဲ့။ မခွာချင်ခဲ့ဘူးဆိုရင်ပိုမှန်မည်။ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာကို အံ့သြတကြီးမော့ကြည့်မိနေတုန်းဖြစ်သည်။

ဘာလို့ ဒီလောက်ထိ နူးညံ့သွားရတာလဲဆိုတဲ့ မေးခွန်းတွေက မျက်ရည်စတွေရစ်သီနေတဲ့ မျက်၀န်း၀ိုင်း၀ိုင်းမှာအထင်းသား။ ခက်တာက အဲ့ဒီမေးခွန်းရဲ့ အဖြေကို ဘုန်းပြည့်အာဏာကိုယ်တိုင်တောင် မသိတာပင်။ သူ စိုင်းမာန်သစ်နဲ့ကျမှ စိတ်ကို ဘယ်လိုလွှတ်ပေးနေလိုက်မိမှန်းကို မသိတာဖြစ်နေသည်။

LOLLIPOPWhere stories live. Discover now