Extra 3 - Unicode

6.9K 441 12
                                    

"ကိုကို ဘယ်မှာလဲ"

Lollipop စက်ရုံရှိတဲ့ နယ်မြို့ကို သူနဲ့အတူတူသွားချင်ပါတယ်ဆိုကာမှ အလုပ်မပြီးသေးတဲ့ အကြောင်းပြချက်နဲ့ သူ့အိမ်ကို လာမခေါ်ဘဲ ရမ်ခကိုသာလွှတ်လိုက်သူကြောင့် စိုင်းမာန်သစ် ဖုန်းခေါ်လိုက်ရခြင်းဖြစ်သည်။

"သွားနှင့်နော် ကိုကိုချက်ချင်းလိုက်လာခဲ့မယ်"

စိုင်းမာန်သစ် စိတ်အလိုအတော်ပင်မကျဖြစ်သွားရသည်။ သူနှင့်အတူသွားချင်ပါသည်လို့ သူဘယ်နှခါတောင်ပြောခဲ့ပါသလဲ။ ဒါကို အလေးမထားသလိုလုပ်နေတာကြောင့် စိုင်းမာန်သစ် ဒေါသထွက်သည့်အပြင် ၀မ်းပါနည်းလာရသည်။

"အသစ် ကလေးလေး"

တစ်ဖက်က စိုးရိမ်နေတဲ့ လေသံကြောင့်ပိုလို့ပင် ၀မ်းနည်းစိတ်က တိုးလာရသည်။ သူနဲ့ပတ်သက်ရင် အသေးအမွှားလေးကစ မခံစားနိုင်တဲ့သူမှန်းသိရက်နဲ့ ဘုန်းပြည့်အာဏာက လူဆိုးလုပ်နေတာဖြစ်သည်။

"ကလေးငယ်"

"ကိုကိုက တကယ်ကိုပဲ"

မချိတင်ကဲပြောကာ ဖုန်းကိုချပြစ်လိုက်မိသည်။ သူ ဘုန်းပြည့်အာဏာကို တကယ်စိတ်ဆိုးသွားပြီဖြစ်သည်။ ဆက်တိုက်ခေါ်နေတဲ့ ဖုန်းကြောင့် စိုင်းမာန်သစ် ငိုင်နေမိရာမှ ကြည့်လိုက်မိသည်။ ထင်သည့်အတိုင်း ဘုန်းပြည့်အာဏာက ခေါ်နေတာဖြစ်သည်။ 

"ကိုင်လိုက်ပါ"

သူ့ကို လာခေါ်သည့် ရမ်ခကပါ တိုက်တွန်းလာသည်မို့ စိုင်းမာန်သစ် ကိုင်လိုက်ရသည်။ 

"ကလေးငယ် ကိုကိုက တောင်းပန်တယ်နော် သွားနှင့်လိုက် ဟုတ်ပြီလား ချက်ချင်းလိုက်လာခဲ့ပါ့မယ်နော်"

အဆုံးထိကို ဘုန်းပြည့်အာဏာက တူတူသွားဖို့ မရွေးချယ်တာဖြစ်သည်။ စိုင်းမာန်သစ် စိတ်ပေါက်ပေါက်နဲ့ အော်ပစ်လိုက်ချင်သော်လည်း ဘုန်းပြည့်အာဏာဖြစ်နေတာမို့မအော်ရက်ပြန်။

"အင်း"

"ကိုကိုက ချက်ချင်းလိုက်လာမှာနော်"

"အင်း"

"ရမ်ခနဲ့သေချာလိုက်ခဲ့နော်"

"အင်း"

LOLLIPOPWhere stories live. Discover now