Chapter 13 - Unicode

7.1K 682 6
                                    

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်လှမ်းပေးသည့် ခေါက်ဆွဲကိုသာ ငုံ့စားနေလိုက်သည်။ ထိုင်ခုံချပေးဖို့များသူတို့ မတတ်နိုင်ကြလို့လားဟု‌ေတွး‌ေနမိသည်။

"ဒီမှာ ထိုင်ခုံဘာလို့ချမပေးတာလဲ?"

ဘုန်းပြည့်အာဏာသည် မနေနိုင်စွာဖြင့် ခေါက်ဆွဲကို ငုံ့စားနေသော စိုင်းမာန်သစ်ကို ငဲ့ကြည့်ကာမေးလိုက်သည်။ စိုင်းမာန်သစ်က တန်းလန်းဖြစ်နေသည့် ခေါက်ဆွဲစကို ဖြတ်ချလိုက်ကာ တမြုံ့မြုံ့၀ါးစားရင်း မျက်လုံးပြူးဖြင့် ကြည့်နေပြန်သည်။

ပါးစပ်ထဲက ခေါက်ဆွဲအကုန်မြိုချပြီးသွားမှ စိုင်းမာန်သစ်သည် သူ့ရဲ့ မနူးမနပ်ဥက္ကဌကြီးကို ရှင်းပြဖို့ပြင်ရသည်။

"ညစျေးတန်းပါဆို တွန်းလှည်းနဲ့ပဲရောင်းကြတာလေ ခုံချပေးတဲ့ဆိုင်လည်းရှိပါတယ် ဒါပေမယ့် ညစျေးမှာစားတယ်ဆိုမှတော့ မတ်တပ်ရပ်စားတာက အသက်ဟုတ်တာ ဥက္ကဌက ညောင်းလို့လား ကျွန်တော်ခုံတောင်းပေးမယ်"

"နေ နေ ရတယ် ငါက ဒီတိုင်းမေးကြည့်တာ မင်းက ဒီလို ခဏခဏသွားဖူးတယ်လား?"

"သွားဖူးတယ်လေ ကျောင်းတက်တုန်းကဒီလို ညစျေးတွေ‌ဆိုတာ ကျွန်တော်က ခဏခဏသွားနေကျ"

"သြော်"

သူ့ညီမလည်းလည်း တူတူသွားခဲ့ကြမှာပေါ့လို့ ဘုန်းပြည့်အာဏာ မဆီမဆိုင်တွေးမိသွားပြန်သည်။ စိတ်က တစ်ဖန်နောက်ကျိလာတာကြောင့် ခေါက်ဆွဲကိုသာ ဆက်ငုံ့စားနေလိုက်သည်။

"ဦးလေးကြီး လူတွေက ဘယ်ကပြန်လာကြတာလဲ?"

အုပ်စုလိုက် အုပ်စုလိုက်ပြန်ဆင်းလာကြသော လူတွေကို ကြည့်ကာ ခေါက်ဆွဲဆိုင်ရှင် ဦးလေးကြီးကို စိုင်းမာန်သစ် လှမ်းမေးလိုက်ခြင်းဖြစ်သည်။

"သြော် ဒီကမဟုတ်ဘူးထင်တယ် အထက်မှာ ရေကန်ရှိတယ်လေ ဒီနေ့နဲ့မနက်ဖြန် နှစ်ရက် ဆီမီးမျှောမှာ သွားကြည့်ချင်ကြည့်ကြလေ"

"ဥက္ကဌ ကျွန်တော်တို့သွားကြည့်ကြမလား?"

"အင်း စားပြီးရင် သွားမယ်လေ"

နှစ်ယောက်စားသောက်ပြီးတော့ ခေါက်ဆွဲဆိုင်က ဦးလေးကြီး ညွှန်ပြတဲ့လမ်းအတိုင်း ရေကန်ဆီသွားဖို့ပြင်လိုက်ကြသည်။ နယ်မြို့ဆိုသည့်အတိုင်း တကယ်တိတ်ဆိတ်သည့်ခံစားချက်ကို ခံစားလိုက်ရသည်။

LOLLIPOPWhere stories live. Discover now