Chapter 30 - Unicode

7.4K 609 9
                                    

"အသစ်"

"ဟင်"

"ကိုကို့ကိုကြည့်"

ပထမဆုံးအနေနဲ့ ဘုန်းပြည့်အာဏာက သူ့ကိုယ်သူ ကိုကိုဟု သုံးလိုက်ခြင်းဖြစ်သည်။

"ဘာဖြစ်သွားတာလဲ?"

"ဟင် ဘာမှမဟုတ်ပါဘူး"

"ကိုကိုက ဒီတိုင်းလွှတ်ကနဲ့ထွက်သွားတာ နောက်ကျပြောင်းခေါ်ဖို့ ငယ်လေးကိုပါပြောပေးမယ်"

ဒီလိုလုပ်လိုက်ရင် စိုင်းမာန်သစ်က တအား နိုင်ကျယ်လွန်းရာကျဦးမည်မဟုတ်ပါလား။ သူ့ကြောင့်နဲ့တော့ ဘုန်းပြည့်အာဏာကို အခက်မတွေ့စေလို။

"အာ ကျွန်တော်က ကိစ္စမရှိပါဘူး သွားကြစို့ နောက်ကျနေပြီ"

ပြောကာ ကားပေါ်က ဆင်းသွားသူကြောင့် ဘုန်းပြည့်အာဏာမှာ သက်ပြင်းသာချရသည်။ သူ့ ကောင်လေးက သူများဘက်ကို တအားတွေးပေးလွန်းနေပါသည်။

စီးပွားရေးအသိုင်းအ၀ိုင်းကြီး မိသားစုထဲက သမီးမင်္ဂလာဆောင်ဆိုသည့်အတိုင်း လုပ်ငန်းရှင်တွေကသာ အများဆုံးဖြစ်သည်။ သူတို့နှစ်ယောက် ခန်းမထဲ၀င်လာတော့ သတို့သားနဲ့ သတို့သမီးက ဧည့်သည်တွေကို လိုက်ဧည့်ခံနေပြီတောင် ဖြစ်သည်။

စိုင်းမာန်သစ်တို့နှစ်ယောက်၀င်လာတော့ လုပ်ငန်းရှင်တွေရဲ့ မျက်လုံးတွေက သူတို့နှစ်ယောက်ဆီတန်းတန်းရောက်လာသည်။ ဒါဟာသိပ်တော့ ဆန်းတဲ့ကိစ္စမဟုတ်။ ဘုန်းပြည့်အာဏာရဲ့ အရှိန်အ၀ါက ဒီထက်တောက်ပသည်။

တစ်ခါတလေကျတော့လည်း စိုင်းမာန်သစ်တွေးမိပါသည်။ ဘုန်းပြည့်အာဏာက ဘယ်လိုများရှင်သန်ခဲ့တာမို့ ဒီလောက်ထိ အရှိန်အ၀ါကြီးနေရတာလဲဆိုသည့် မေးခွန်းကို သူအမြဲစဥ်းစားမိသည်။ ဒီမေးခွန်းတွေရဲ့ အဖြေနောက်မှာ ညတွေမအိပ်ခဲ့ရတဲ့ ဘုန်းပြည့်အာဏာကို တွေ့ရလိမ့်မည် ခံစားချက်မရှိသူတစ်ယောက်လို လှုပ်ရှားရုန်းကန်နေခဲ့တဲ့ ဘုန်းပြည့်အာဏာကို မြင်ရပါလိမ့်မည်။

ဒါတွေက ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘုန်းပြည့်အာဏာကို စေခိုင်းခဲ့ခြင်းလည်းမဟုတ်။ သူကိုယ်တိုင်ကိုက ဆန္ဒရှိစွာ ဒီလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့နှလုံးသားသည် စိုင်းမာန်သစ်တို့အိမ်နောက်ဖေးမှာတင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

LOLLIPOPWhere stories live. Discover now