Part (1)

7.6K 351 21
                                    

Unicode

" ဟဲ့ ... အပြင်မှာလေ ကားအကောင်းစားကြီးရောက်နေတယ် သိလား ...
ဘယ်သူ့ စပွန်ဆာကြီးလဲမသိဘူး ..... "

" ဟုတ်လား .... အခုမှ debutတဲ့
ကလေးတွေရဲ့ စပွန်ဆာနေမှာပေါ့ ..... "

" ငါ့တော့  ပင်းလျန်ရဲ့ဟာထင်တာပဲ ... "

" ဟင် ... ဘာဖြစ်လို့လဲဟ "

" နင်စဥ်းစားကြည့်လေ ...
သူက အခုမှလည်းdebutသေး ဒီဇာတ်လမ်းရဲ့ main support roleနေရာမှာပါတာလေ .... main lead တွေ sec leadတွေပြီးရင်
သူ့ဇာတ်ကောင်က အရေးပါဆုံးပဲ ... "

" ဟယ် .. ဖြစ်နိုင်ပါ့မလား ... "

" မဖြစ်နိုင်ရိုးလား ... သူဒီလောကထဲ၀င်တာ
၆လတောင်ပြည့်သေးလို့လား ... "

" အဲ့တာလည်း ဟုတ်တာပဲနော် ...  "

မိတ်ကပ်ဆရာမနဲ့ stylistနှစ်ယောက်ရဲ့
တီးတိုးအတင်းတုပ်သံက
အိပ်နေတဲ့ ချောက်ချွမ်ကို အတော်လေး
အနှောင့်အယှက်ဖြစ်စေသည်။

အိပ်မရတော့တဲ့အဆုံး ကုတ်အင်္ကျီဆွဲကာ
တံခါးကို စောင့်ပိတ်ပြီး
အပြင်ဘက်ထွက်ခဲ့လိုက်သည်။

ဒီနေ့က ချောက်ချွမ်သရုပ်ဆောင်ရမယ့်အခန်းက နည်းတာကြောင့်
အေးဆေးနားမလို့ဟာကို မနားရ .....

ရိုက်ကွင်းက သူတွေများတော်တော်လေးပေါက်ပေါက်ဖောက်နိုင်တာပဲ .....

ညနေခင်းဖြစ်သော်ငြားလည်း
အအေးဓာတ်ပိုနေတာကြောင့် ယူလာတဲ့
ကုတ်အင်္ကျီကို လျှို၀တ်လိုက်သည်။

ချောက်ချွမ်ထွက်လာတာကို
ဘယ်သူမှ သတိမထားမိကြသေး ....

ချောက်ချွမ်လည်း ရှင်းကြောင့်ပူပူနွေးနွေး
အသည်းကွဲထားတာမလို့
အခုလို တစ်ယောက်ထဲနေရတာက
ပိုအဆင်ပြေနေသည်။

ချောက်ချွမ် အိပ်ကပ်ထဲက Maskတစ်ခုကို
ထုတ်တပ်ရင်း ရောက်တတ်ရာရာ
လျှောက်သွားနေမိသည်။

အိပ်ကပ်ထဲစမ်းကြည့်တော့
ပိုက်ဆံအနည်းငယ်နဲ့ ဖုန်းပဲပါလာသည်။

ဖုန်းကိုထုတ်ကာ staffဆီကို
အပြင်ရောက်နေကြောင်း မက်ဆေ့လ်
ပို့ထားလိုက်သည်။

သူရိုက်ရမယ့်အခန်းမပါသေးတာကြောင့်
staffကလည်း ဘာမှတော့မပွား ....

 Are You Hurting Dear ? ( Complete )Where stories live. Discover now