Part (53)

2.4K 138 6
                                    

Uni

အိမ်ပြန်ရောက်သည်အထိ
ချောက်ချွမ်နဲ့ ကျန်းသခင်ကြီးတို့ရဲ့
အနမ်းလုပ်ငန်းက အဆုံးမသတ်ပေ။

အိပ်ယာပေါ်တွင် ချောက်ချွမ်ကို
ပစ်လှဲလိုက်ပြီး အပေါ်ကနေ
ကျန်းသခင်ကြီးပါ အုပ်မိုးကျလာသည်။

လိမ်ယှက်နေသော လျှာနှစ်ခုကိုလည်း
ဆက်နွှယ်မှု မပြတ်လပ်စေရ။

ကျန်းသခင်ကြီးလက်တွေ
အင်္ကျီအောက် လျှိုဝင်လာချိန်တွင်တော့
ချောက်ချွမ် အားကုန်သုံးကာ
ရုန်းကန်ပစ်လိုက်သည်။

ရုတ်တရက်မို့ ကျန်းသခင်ကြီး
ကြောင်သွားလေသည်။

" Baby "

ချောက်ချွမ် မကြားဟန်ဆောင်ကာ
ရေခဲသေတ္တာဆီသွားပြီး
ရေတစ်ဘူးယူကာ သောက်လိုက်သည်။

ကျန်းသခင်ကြီးမှာ တန်းလန်းကြီးမို့
အိပ်ယာပေါ်ကနေ ချောက်ချွမ်
မျှော်လင့်တကြီး စောင့်နေ၏။

သို့သော်ချောက်ချွမ်က သူမျှော်လင့်ထားသလို သူ့ဆီမလာ။

ရေဘူးကိုပြန်ထားပြီး ရေချိုးခန်းထဲ
ဝင်သွားပြန်သည်။

" Baby "

ကျန်းသခင်ကြီး မနေသာတော့။

ချောက်ချွမ်နောက်လိုက်ကာ
ကောက်စိန်ကို ချော့ဖို့ပြင်တော့သည်။

" Baby "

ဒေါက် !! ဒေါက် !!

ရေချိုးခန်းတံခါးကို လော့ချထားတာမို့
တံခါးခေါက်ရင်း အော်ခေါ်မိတော့
အထဲကနေ ပြန်ထူးသံအစား ရေကျသံတွေကိုသာ ကြားရသည်။

" Baby ... Babyရေလို့ !! "

" .... "

" ကိုယ့်ယောကျ်ားလေးရေ ....
ကိုယ့်အသည်းလေးရေ "

အပြင်က ​ကျန်းသခင်ကြီးရဲ့အသံကြောင့်
ချောက်ချွမ် ကြက်သီးတွေတောင်
ထလာသည်။

ဘာလို့မကောင်းတဲ့ခံစားချက်ကြီး ရနေပါလိမ့်!

" Baby ရေ ... ကိုယ့်အချစ်ကလေး "

" ဘာလဲ ... ဘာလို့အော်နေတာလဲ !!
ရေချိုးနေတယ်လေ !!"

ချောက်ချွမ် ပြန်အော်ပေးလိုက်သည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now