Part (36)

1.8K 134 12
                                    

Unicode

" မနိုင်တော့ဘူးဆို အရှုံးပေးပြီလို့
ချက်ချင်းအော်လိုက်နော် "

" ..... "

" အရမ်းနာလာပြီဆိုလည်း
အရှုံးပေးလိုက်တော့ ကြားလား .... "

" ...... "

" ရှုံးလည်း ဘာမှမဖြစ်ဘူးသိလား ....
ငါရှိတယ် "

" ...... "

" အနာမခံနဲ့နော် သိလား ..... ကျစ် !!
မဖြစ်သေးပါဘူး "

" ..... "

" ဒါကို လုံးဝမလုပ်ဖို့
အကိုကြီးကို သွားပြောလိုက်မယ် .... "

တတွတ်တွတ်ရွတ်ရင်း ထွက်သွားဖို့ပြင်နေတဲ့
သူဌေးပွစိကို မြတ်သူ လက်မောင်းရင်းကနေ
ဖမ်းဆွဲထားလိုက်သည်။

" ဘာဖြစ်လို့လဲ "

ပြူးကြောင်ကြောင်နဲ့ပြန်မေးလာပုံက
အရင်တိုင်း စိတ်လေစရာ ....

" ခင်ဗျား ကျုပ်ကိုအရှက်ခွဲမလို့လား "

" ဟမ် ..... ဘာကို "

" ခင်ဗျားသွားပြောလိုက်ရင်
ကျုပ်က ပြိုင်ဘက်ကိုကြောက်နေလို့ဆိုတဲ့
ပုံစံမျိုးသက်ရောက်သွားမှာပေါ့ "

" အဲ့လို မဟုတ် ... ငါ မင်းကို "

" ကျုပ်အတွက်မျက်နှာငယ်မခံနဲ့ !! "

" ...... "

" ခင်ဗျားအကိုရဲ့မျက်လုံးထဲမှာ
ကျုပ်ကို အထင်သေးတဲ့အကြည့်တွေပါတယ် ...
ဒါကြောင့် ဒီပြိုင်ပွဲကို ကျုပ်ပြိုင်မှာ ....
ရှုံးရင်တောင် သိက္ခာရှိရှိရှုံးချင်တယ် "

မြတ်သူရဲ့ပြတ်သားလှတဲ့စကားကြောင့်
လျှန်ချိုးမျက်တောင်ခပ်ဖို့ပင်
မေ့လျော့နေခဲ့သည်။

ဒီကောင်လေး မာနကြီးတာသိပေမယ့်
ခေါင်းမာတတ်တာကိုတော့ သူမသိခဲ့ဘူး .....

အခုဟာက ကောင်လေးက မာနကြီးပြီးခေါင်းမာရုံသာမက
ရဲရင့်ပြတ်သားလွန်းနေသေးပြန်သည်။

သူ့အတွက် ကံကောင်းလား ?
ကံဆိုးခြင်းလား ?

မရေရာတဲ့အတွေးတွေကြောင့်
ပင့်သက်ရှိုက်ရင်း ကွင်းထဲဝင်သွားတဲ့
ကောင်လေးကို
လေးလံစွာကြည့်လိုက်မိသည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now