Extra

1.1K 61 7
                                    

Unicode

" ဒယ်ရီ ... ပါပါးနဲ့ လိုက်ချင်ယို့ "

" ဘယ်ကိုလဲ ဒယ်ဒီ့မင်းသမီးလေးရဲ့ "

" ပါပါးက လေပျံကြီး စီးတွားမှာယေ "

" ဟုတ်လား "

" ဟုတ်ရယ် ... ရွှမ်ရွှမ် ကြားရယ်
ပါပါးက တိုတို့ကို ပြောနာ "

" ဟုတ်လား ... အဲ့တာဆို ဒယ်ဒီနဲ့အတူ
သွားမေးရအောင် "

" ဟုတ် ဒယ်ရီ "

ဖြူဖွေးတုတ်ကစ်နေတဲ့ သမီးလေးကို ချီကာ
ကျန်းသခင်ကြီးရှိရာ အောက်ထပ်သို့
ချောက်ချွမ် ဆင်းလာခဲ့လိုက်သည်။

အောက်ထပ်တွင် ကျန်းသခင်ကြီးနဲ့အတူ
ရိဝမ်လည်း ရှိနေ၏။

" ရှင်းလေးမပါဘူးလား ရိဝမ် "

" ဟုတ်တယ် အကို ...
ရှင်းလေးက သူ့ကုမ္ပဏီမှာ Trainee အသစ်တွေကို သွားကြည့်နေလို့ "

" ဪ ... အလုပ်ရှုပ်နေတာလား "

ချောက်ချွမ် မှတ်ချက်ပြုရင်း
သမီးလေးကိုချီလျက် Sofaတွင်
ဝင်ထိုင်လိုက်သည်။

" တိုတို မီးရို ချီ "

" လာပါဗျာ ... ကိုကိုက မင်းသမီးလေးကို
လွမ်းနေတာ "

ရိဝမ်က ချောက်ချွမ် လက်ထဲက
သမီးလေးကို ချီယူသွားလေသည်။

" Project အသစ်က ဘယ်မှာလဲ ဦး "

ချောက်ချွမ် ​ခြေချိတ်ထိုင်လျက်
ကျန်းသခင်ကြီးကို မေးလိုက်သည်။

" LA မှာ Baby "

ကျန်းသခင်ကြီးက အထွန့်မတက်ပဲ
ပြန်ဖြေသည်။

" ဘယ်တော့သွားမှာလဲ "

" မနက်ဖြန် "

" လိုက်ခဲ့မယ်လေ "

" ဟင်? "

" ဘာလို့လဲ ... မရဘူးလား "

" မ.. မဟုတ်ပါဘူး "

ချောက်ချွမ် မေးတော့ ကျန်းသခင်ကြီးက
ပျာပျာသလဲ ထငြင်းသည်။

" သမီးလေးမွေးပြီးထဲက Overseas
မသွားရတာဆိုတော့
အခုတစ်ခါထဲ လိုက်ခဲ့ချင်လို့ "

" LAက ပြန်လာမှ တခြားနိုင်ငံသွားရင်ရော
Baby ... အခုက အလုပ်နဲ့ဆိုတော့
ကိုယ်အချိန်မပေးနိုင်မှာစိုးလို့ "

You've reached the end of published parts.

⏰ Last updated: Dec 10, 2023 ⏰

Add this story to your Library to get notified about new parts!

 Are You Hurting Dear ? ( Complete )Where stories live. Discover now