Part (49)

2.4K 132 11
                                    

Unicode

" ထွက်သွားတော့မယ်လို့ ပြောဖို့လား ? "

" မဟုတ်ဘူး !!! "

အလောတကြီးအော်လိုက်တာမို့
ချောက်ချွမ်အသံက ကျယ်လောင်သွားပြီး
ကျန်းသခင်ကြီးက မော့ကြည့်လာသည်။

" မဟုတ် ...  အဲ့လိုပြောဖို့ မဟုတ်ဘူး "

" ကိုယ့်အနားမှာနေရတာ
နာကျင်ရတယ်မလား ...
ကိုယ်က အမြဲနာကျင်စရာတွေ၊
သိမ်ငယ်စရာတွေပဲပေးခဲ့တာလေ ... "

ကျန်းသခင်ကြီးစကား​ကြောင့်
ချောက်ချွမ် ခေါင်းငုံ့မိသွားသည်။

ကျန်းသခင်ကြီးက မတ်တပ်ထရပ်ကာ
ချောက်ချွမ်ကို ကျောခိုင်းလိုက်သည်။

ပြီးနောက်

" ကိုယ်အကုန်ပြင်ဆင်ပြီးသွားပြီ .....
ကိုယ့်ပိုင်ဆိုင်မှုတွေအကုန်
မင်းနာမည်နဲ့ လွှဲပေးခဲ့ဖို့ရော၊
မင်းအနုပညာလောကမှာ
ပြန်ရပ်တည်နိုင်ဖို့အတွက်ရော .... "

" ဒါဆို ခင်ဗျားက ဘယ်သွားနေမှာလဲ "

" မက်မုံပန်းတွေရှိတဲ့နေရာတစ်ခုမှာပေါ့ ...
ကိုယ့်အသက်အရွယ်က
အေးဆေးတည်ငြိမ်သင့်နေပြီလေ .....
ကိုယ့်ဘဝရဲ့ နောက်ဆုံးထွက်သက်ကို
မက်မုံပန်းပင်တွေအောက်မှာပဲ
ကုန်ဆုံးသွားချင်တယ် "

" ခင် .. ခင်ဗျား ထွက်သွားတော့မို့လားဟင် "

" အင်း ... မင်းနဲ့အဝေးဆုံး၊
မင်းကိုယ့်ကိုမမြင်နိုင်တော့မယ့်နေရာထိ
ကိုယ်ထွက်သွားပေးပါ့မယ် "

ချောက်ချွမ် ရင်တွေပူလောင်ပြီး
မျက်ရည်တွေဝိုင်းလာသည်။

" ဘာလို့လဲ !! ဘာလို့အခုမှလဲ !!! "

ေချာက်ချွမ် ပိတ်အော်ပစ်ပေမယ့်
ကျန်းသခင်ကြီးက လှည့်ကြည့်မလာ။

ချောက်ချွမ် ကျန်းသခင်ကြီးကိုကြည့်ပြီး
ပိုဝမ်းနည်းလာကာ ငိုချလိုက်မိသည်။

" ကျုပ်ကြောင့် ခင်ဗျားနာကျင်နေရတာလား "

" မဟုတ်ပါဘူး ...
ကိုယ်ကသာ မင်းကိုနာကျင်စေခဲ့မိတာပါ "

" ဒါဆို ဘာလို့ပြန်ပေးဆပ်ဖို့မကြိုးစားရတာလဲ !!
ဘာလို့ ထွက်သွားချင်နေရတာလဲ !! "

 Are You Hurting Dear ? ( Complete )Where stories live. Discover now