Part (4)

3K 233 7
                                    


Unicode

ဒီနေ့ကား ချောက်ချွမ်နားချိန်အများကြီးရှိတာမို့ နေမြင့်မှအိပ်ရာထမိသည်။

နာရီကြည့်မိတော့ ၉နာရီသို့ညွှန်ပြနေပြီ။

ရိုက်ကူးရေးက ညဦးမှသရုပ်ဆောင်ရမည်မို့
သိပ်တော့ကိစ္စမရှိချေ။

ရေချိုးခန်းထဲ၀င်ပြီး
အရင်ဆုံးရေချိုးလိုက်သည်။

ပြီးနောက် မနက်စာမှာစားကာ
အသစ်ပြောင်းမည့် ဟိုတယ်ကိုရှာနေမိသည်။

သူဒီမှာဆက်နေလို့မရတော့။
ကျန်းလုပ်ငန်းက သူ့ကိုတစ်နည်းမဟုတ်
တစ်နည်းနဲ့လိုက်နှောင့်ယှက်နေမှာ သေချာသည်။

သူတို့မထင်မှတ်ထားလောက်တဲ့
ဟိုတယ်သေးသေးလေးတစ်ခုမှာ
သွားနေရင်တော့အဆင်ပြေလောက်ပါသည်။

ဇာတ်ကားပြီးဖို့လည်း
ရက်ပိုင်းပဲလိုတော့တာဆိုတော့
ခဏပဲ သည်းခံရမှာ .....

အတွေးနဲ့အတူ မနက်စာစားပြီးတော့
အသိတစ်ယောက်ဆီက ကားကိုခဏငှားပြီး
ရှာတွေ့ထားသည့် ဟိုတယ်လေးဆီ
ထွက်လာမိသည်။

ကားက သူ့ကားမဟုတ်တာကြောင့်
ကျန်းလုပ်ငန်းစုက သူမှန်းသိမည်မထင်ပါ။

ထို့ကြောင့်စိတ်အေးလက်အေးနှင့်
ဟိုတယ်လေးဆီရောက်လာတော့သည်။

ဟိုတယ်က ရိုက်ကွင်းနဲ့အလှမ်းဝေးပေမယ့်
လူခြေတိတ်တဲ့နေရာလေးမှာမို့
ချောက်ချွမ်အတွက် အဆင်ပြေပါသည်။

ထို့ကြောင့် Staffကို ဖုန်းဆက်ပြီး
လက်ရှိဟိုတယ်မှ Check outလုပ်ခိုင်းကာ
နောက်ကလိုက်လာရန် လိပ်စာပေးလိုက်သည်။

သူကတော့ Hotelမှာ အခန်းယူပြီး
အေးဆေးနားကာ
movieများကြည့်နေလိုက်သည်။

ခဏနေတော့Staffဆီက ဖုန်းပြန်၀င်လာ၏။

" Hello "

* Hello ချောက်ချွမ် ... ငါဒီမှာအပြင်ထွက်လို့
မရဘူး *

" ဟင် ... ဘာဖြစ်လို့လဲ "

* အရှေ့မှာ ကျန်းလုပ်ငန်းစုက
လူတွေရောက်နေတာ ....
သူတို့သူဌေးလည်း ပါလာတယ် .....
မင်းအတွက်ဆိုပြီး စားစရာတွေနဲ့ ပစ္စည်းတွေလာပေးနေတာကွာ မယူဘူးဆိုတော့
ငါ့ကို အပြင်ထွက်ခွင့်မပေးဘူးတဲ့ ....
ပြီးတော့ မင်းကိုလည်းရှာနေကြတယ် ..... *

 Are You Hurting Dear ? ( Complete )Where stories live. Discover now