Part (51)

2.6K 142 20
                                    

Unicode

" လုပ်ပါဆို ... ကူညီပါနော် "

Operation ခန်းထဲက ထွက်လာသော
လျှန်ချိုးကို
ချောက်ချွမ်တပူဂျီဂျီလုပ်နေလျှက်ရှိသည်။

လျှန်ချိုးမှာ ချောက်ချွမ်စကားတွေကို
မကြားဟန်ပြုပြီး
လက်အိတ်တွေချွတ်ကာ
နားနေခန်းထဲ ပြန်သွားလိုက်သည်။

" သာ့ကော ... ကူညီပါနော်လို့
သာ့ကော တူလေးမလိုချင်ဘူးလား "

" မလိုချင်ဘူး "

လျှန်ချိုး ခပ်ပြတ်ပြတ်ငြင်းလိုက်သည်။

သူရဲ့စမ်းသပ်မှုမအောင်မြင်မချင်း
လည်ပင်းမယားချင်သေးပါ။

ချောက်ချွမ် လာဂျီကျနိုင်လည်း
အလွန်ဆုံးတစ်ပတ်ပေါ့။

ဒီလောက်လေး နားပူခံလိုက်တာနဲ့
နစ်နာသွားစရာအကြောင်းမရှိပါဘူး။

ပြီးနောက် ချောက်ချွမ်ကိုမကြည့်တော့ပဲ
စားပွဲမှာဝင်ထိုင်ကာ
ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း
ဆေးပညာစာအုပ်ကို
မှတ်ထားသည့်နေရာကနေပြန်လှန်ပြီး
ဖွင့်ဖတ်နေလိုက်သည်။

လျှန်ချိုးရဲ့အရေးမလုပ်မှုကြောင့်
ချောက်ချွမ် နည်းလမ်းပြောင်းကာ
မင်းသားပီပီ Dramaခင်းတော့သည်။

" ဟင့် .. ရွှတ်စ် အင်းပေါ့
ကျ .. ကျနော်က အငယ်အနှောင်းပဲဟာ...
ဘယ်လိုလုပ် ကျနော့ကလေးကို
အင့် ... လိုချင်ကြပါ့မလဲ "

လျှန်ချိုး မကြားဟန်ပြုပြီး
ဆေးစာအုပ်ကိုကိုင်ကာ
တစ်ဖက်လှည့်သွားသည်။

ပြီးနောက် အံဆွဲထဲက ဂွမ်းကိုထုတ်ယူကာ
နားထဲဆို့ထားလိုက်​တော့သည်။

သူမလုပ်ပေးချင်၍မဟုတ်။

အကိုကြီးသာခွင့်ပြုပါက
ကလေးယူဖို့ ချက်ချင်းထလုပ်ပေးမှာပါ။

ခက်သည်က ချောက်ချွမ်မလာခင်ထဲက
အကိုကြီးက ဖုန်းဆက်ပြီး
ကြိုပိတ်ထားတာကြောင့် သူလည်း
မလှုပ်ရဲပေ။

ဒါကို ချောက်ချွမ်က ဘူမသိကိုးမသိနဲ့
သူ့ကိုလာဂျစ်တိုက်နေသည်။

သူပေပြီးနေတော့ ချောက်ချွမ်လည်း
မျက်နှာငယ်နဲ့ပြန်သွားတော့သည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now