Part (9)

2.4K 217 10
                                    

Unicode

ချန်ဖန်းကျယ်လုပ်ငန်းစုပိုင်ရှင်
သူဌေးချန်ကုမင်၏ မွေးနေ့ပွဲည .......

ချောက်ချွမ် အနက်ရောင်Suitကို ဝတ်ဆင်ကာ အနက်ရောင်ကတ္တီပါဗူးလေးကိုင်ပြီး
လူစုံတက်စုံစားသောက်နေကြသည့်
​ခြံဝန်းထဲသို့ဝင်လာသည်။

အများစုက သူ့ကိုစိတ်ဝင်တစားကြည့်နေပေမယ့် လျစ်လျူရှုကာ လွတ်နေသည့်စားပွဲကို
ရှာလိုက်သည်။

ချန်ကုမင်က ပေါင်းသင်းဆက်ဆံရေးကောင်းသည့်လူဖြစ်သည့်အလျောက်
မွေးနေ့ပွဲက လူအများဖြင့်စည်ကားကာ
လွတ်နေသည့်စားပွဲဟူ၍ မရှိ။

တောင်ဘက်ကျသော အစွန်ဝိုင်းမှာသာ
မိန်းကလေးတစ်ယောက်ထဲထိုင်နေသည်ကို
တွေ့ရလေသည်။

မီးရောင်မှိန်သည့်နေရာဖြစ်တာကြောင့်
ထိုမိန်းကလေး ဘယ်သူဘယ်ဝါဆိုတာ
ချောက်ချွမ်မသိချေ။

လူနည်းတာကလည်း ထိုစားပွဲပဲရှိတာမို့
ထိုင်ဖို့ဆုံးဖြတ်ကာ ထိုစားပွဲနားသို့
လျှောက်သွားလိုက်သည်။

" ထိုင်လို့ ...... "

" မတွေ့တာကြာပြီနော် ........ "

စကားမဆုံးခင် ထွက်ပေါ်လာသည့်
ရင်းနှီးနေသော အသံကြောင့်
ချောက်ချွမ် ထိုအမျိုးသမီးကို
စေ့စေ့ကြည့်မိသွားသည်။

" လျိုရိယွမ် ........ "

အံဩတကြီး ရေရွတ်မိတော့ ရိယွမ်က
လှပစွာပြုံးသည်။

ရိယွမ်က ချောက်ချွမ်ရဲ့
ရည်းစားဟောင်းတွေထဲက တစ်ယောက် ......

ရည်းစားဦးလို့လည်း ပြောလို့ရသည့်သူ ......

ချောက်ချွမ်ထက် ၃နှစ်ကြီးပြီး
အမေလိုအမလို နွေးထွေးပေးခဲ့သူဖြစ်သည်။

နှစ်ဦးသားချစ်ခဲ့ကြပေမယ့် ရိယွမ်အမေ၏
အကြပ်ကိုင်မှုကြောင့် ​​
ချစ်လျက်ဝေးကွာခဲ့ကြရသည်။

မကောင်းတဲ့အတိတ်တွေမရှိခဲ့ပေမယ့် ရုတ်တရက်ကြီးတွေ့လိုက်ရတော့
ချောက်ချွမ်အနေနဲ့ နည်းနည်းနေရခက်မိသည်။

ဒါကို ရိယွမ်ကလည်း ရိပ်မိပုံပေါ်သည်။

" ထိုင်ပါ ....... ရှားရှားပါးပါးဆုံတုန်းလေး
စကားပြောကြတာပေါ့ "

 Are You Hurting Dear ? ( Complete )Where stories live. Discover now