Part (40)

2K 131 5
                                    

Unicode

" Baby စိတ်ထဲမှာ ကိုယ်ကအမြဲတမ်း
လူယုတ်မာပဲလား "

" ခင်ဗျားမဟုတ်လို့လား "

ချောက်ချွမ်မေးလိုက်တော့
ကျန်းသခင်ကြီးက တိတ်ဆိတ်သွားသည်။

အခန်းထဲမှာ လူတွေအများကြီးရှိနေပေမယ့်
ဘယ်သူမှသူတို့ကိုကြည့်မနေပဲ
မသိယောင်ဆောင်ကာ Headphoneတွေပါ
ကောက်တပ်လိုက်ကြသည်။

ကျန်းသခင်ကြီးနဲ့ချောက်ချွမ်ကိစ္စက
သူတို့နဲ့မဆိုင်သည့်အလားပင် ....

" လျှောက်ကြည့်မလား Baby ....
ကိုယ်လိုက်ပြပေးမယ် "

ကျန်းသခင်ကြီးက ခပ်နွမ်းနွမ်းမျက်နှာကို
ပြင်ရင်း စကားလမ်းကြောင်းလွှဲသည်။

ချောက်ချွမ်ကလည်း ဒါကိုရိပ်မိသည်။

ထို့ကြောင့်

" အွန်း ကောင်းတာပေါ့ ....
ပြန်ဖို့ရက်ကလည်း နီးလာပြီဆိုတော့
အချိန်ရှိတုန်း လျှောက်ကြည့်ရမယ် "

ချောက်ချွမ်က ခပ်မြူးမြူးလေးဆိုသည်။

ကျန်းသခင်ကြီးကတော့ သူ့စကားကို
မကြားယောင်ဆောင်ကာ တည်တံ့နေလျက်။

ချောက်ချွမ် အလိုမကျမှုတို့ဖြင့်
ပြည့်နှက်လာရပြန်သည်။

သူ့စိတ်ထဲမှာ ကျန်းသခင်ကြီးဆီက
တစ်ခုခုကိုမျှော်လင့်မိပေမယ့်
ဘာမှန်းတော့ရေရေရာရာမသိပါချေ။

​" ပြန်တော့မယ် "

" အင်း ... ကိုယ်လိုက်ပို့မယ် "

ချောက်ချွမ် ပင့်သက်ရှိုက်လိုက်မိသည်။

တစ်စုံတစ်ရာက အဝေးကိုထွက်ပြေးနေသလို
ခံစားချက်ပဲ ....

လိုက်​ပြီးမဖမ်းဆုပ်ချင်ပေမယ့်
ပိုဝေးကွာလာတာကိုလည်း သဘောမကျ ....

' ကျစ် !! စိတ်ပျက်စရာကောင်းလိုက်တာ '

.

.

.

" Dataတွေ အကုန်ရလာပါပြီ သခင်ကြီး "

စီချုံးက အချက်အလက်တွေကို
Macbook မှတဆင့်
Mirror Projector ပေါ်တင်လိုက်သည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now