Part(23)

1.9K 154 11
                                    

Unicode

သူတို့စကားများပြီးနောက်ရက်တွင်
ကိုယ်ပိုင်လေယာဥ်ဖြင့် မြန်မာပြည်သို့
ဆိုက်ရောက်လာကြသည်။

လေယာဥ်ပေါ်ကဆင်းလာသူတွေအကုန်
အနက်ရောင်ဝတ်စုံတွေနှင့်ဖြစ်ကြပြီး
ချောက်ချွမ်လည်း ​နေကာမျက်မှန်နှင့်
အနက်ရောင်လက်ရှည်ကို
လက်မောင်းထိခေါက်တင်ထားကာ
ပန်ကာသေးသေးလေး ကိုင်ပြီးဆင်းလာသည်။

ချောက်ချွမ်၏နောက်တွင်တော့
ကျန်းသခင်ကြီးက အနက်ရောင်ထီးကို ကိုယ်တိုင်ကိုင်ကာ
ချောက်ချွမ်ကို ဆောင်းပေးထားသည်။

လာကြိုသည့်ကားများအနီးတွင်တော့
ဦးရန်ရှင်းနဲ့ ဇနီးဖြစ်သူက
ပြုံးရွှင်စွာ ရပ်နေသည်။

" မင်္ဂလာပါ ကျန်းအကိုကြီး ......
ပင်ပန်းသွားရပြီ "

ကျန်းသခင်ကြီးအနားရောက်တော့
ဦးရန်ရှင်းက ပြုံးကာ နှုတ်ဆက်သည်။

" မဟုတ်တာ .... သားငယ်တို့အတွက်ပဲ
မပင်ပန်းပါဘူး ..... "

" အားနာလိုက်တာဗျာ ....
ကလေးတွေကလည်း ထပ်စောင့်ခိုင်းတာကို
ပြောမရကြဘူး "

" ဒီလိုအရွယ်ကတော့ ဘယ်လိုပြောပြော
ရမှာမဟုတ်ဘူး ရန်ညီလေးရေ .....
သူတို့စိတ်ထဲမှာ အချစ်ပဲရှိတာ .....
ဘာမှများများစားစား တွေးကြမှာ မဟုတ်ဘူး .... "

" ဟုတ်ပါရဲ့ ....
အခုလည်း ကျန်းအကိုကြီးကို
လာမကြိုပဲ မန္တလေးသွားနေကြတယ် "

" ထားလိုက်ပါဗျာ ....
ကလေးတွေ ပျော်ကြပါစေ .... "

" ဟား ဟား ... ဟုတ်ပါပြီဗျာ...
ကဲ ... ကားပေါ်တက်ပါ နေပူတယ် "

ကျန်းသခင်ကြီးက မှုန်ကုပ်နေတဲ့
ချောက်ချွမ်ကို ကားထဲအရင်ဝင်စေလိုက်ပြီး
သူပါ လိုက်ဝင်လိုက်သည်။

" အရမ်းပူနေလား Baby ....
အဆင်ပြေရဲ့လား "

ကား Airconက စိမ့်နေအောင်အေးပေမယ့်
ပန်ကာဖွင့်ထားဆဲဖြစ်တဲ့
ချောက်ချွမ်ကြောင့် ကျန်းသခင်ကြီး
မေးလိုက်သည်။

" သိပ်မကြာပါဘူး ....
ရက်ပိုင်းလောက်ပဲ သည်းခံပေးပါ .... "

အနားလာကာ ပွစိပွစိရွတ်နေတဲ့
အဘိုးကြီးကို
ချောက်ချွမ်မျက်နှာလွှဲပစ်လိုက်သည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now