Part ( 21 )

2.2K 152 12
                                    

Unicode

ည ၇နာရီ။

ချောက်ချွမ် TVကြည့်နေတုန်း
ကျန်းသခင်ကြီး ဝင်လာသည်။

" Baby ညစာပြင်ပြီးပြီ ....
အပေါ်ကိုပဲ ယူခဲ့ခိုင်းလိုက်ရမလား ....
အောက်ဆင်းစားမလား "

" အောက်ဆင်းခဲ့မယ် "

" Ok ... Ok "

ကျန်းသခင်ကြီး သူ့လူတွေကို
အောက်ထပ်ဆင်းစေလိုက်ပြီး
သူကတော့ ချောက်ချွမ် TVကြည့်တာကို
ထိုင်စောင့်နေလိုက်သည်။

၇ နာရီခွဲ။

" Baby ညစာတွေအေးကုန်တော့မယ် "

" နေပါဦး ... ဒီမှာပြီးတော့မယ် "

Movieက ပြီးနေပြီဖြစ်ပေမယ့်
ချောက်ချွမ် မထသေး။

ကျန်းသခင်ကြီးကို
ညစ်ပြီးဆက်ထိုင်နေမိသည်။

၇နာရီ ၄၅ မိနစ်။

" Baby "

" အွန်း ... ပြော "

" ညစာဆင်းစားရအောင်နော် ....
အချိန်လင့်နေပြီ ....
Baby အစာအိမ်ရောဂါဖြစ်လိမ့်မယ် "

" ရောဂါဖြစ်ရင် ခင်ဗျားကုပေးလေ .... "

" ကိုယ်က နောက်မှကုပေးရမှာ ...
Babyက အရင်နာကျင်ရမှာနော် ..... "

" ကျနော်က မင်းသားတစ်လက်ဆိုတာ
ခင်ဗျားမေ့မနေနဲ့ဦး .....
စားချိန်မမှန်တာတာလောက်ကတော့
ပုံမှန်လိုပဲ ....
ဘယ်သူမှ ထူးပြီးစိတ်မပူဘူး "

" ကိုယ်ကတော့ ပူတယ် ...
Baby စားချိန်မမှန်လည်း စိတ်ပူတယ် ....
အိပ်ချိန်မမှန်လည်း စိတ်ပူတယ် ....
Baby မျက်နှာညှိုးရင်ကအစ
ကိုယ်နေရခက်တယ် ..... "

ကျန်းသခင်ကြီးစကားကြောင့်
ချောက်ချွမ် ရင်ထဲလှုပ်လှုပ်ရှားရှား
ဖြစ်သွားမိသည်။

သို့သော် စက်ဆုပ်ဖွယ်ရာလုပ်ရပ်က
ခေါင်းထဲဝင်လာတာမို့
မျက်ရည်တွေ ဝေ့သီလာမိရင်း

" တကယ်ဆို ကျနော်တို့တွေ့ဆုံမှုက
အစထဲက လွဲချော်နေခဲ့တာ .... "

" ကိုယ်တို့မှာ ပြင်ဆင်ချိန်တွေ
ရှိပါသေးတယ် Baby .....
စတင်တွေ့ဆုံခြင်းက လွဲချော်ခဲ့ပေမယ့်
အဆုံးသတ်ကိုတော့
ကိုယ်တို့ဖန်တီးယူလို့ရပါသေးတယ် "

 Are You Hurting Dear ? ( Complete )Where stories live. Discover now