Part (16)

2.3K 183 7
                                    

Unicode

" အကိုကြီးကြောင့်သာနော် ....
မဟုတ်ရင် အဲ့တစ်ယောက်ကို
ကျနော်သတ်​ပြီးနေပြီ !! "

ခေါင်းမှာ ပတ်တီးဖြူဖြူနဲ့ အခန်းထဲ
လှဲနေတဲ့အကိုဖြစ်သူကို ကြည့်ကာ
လျှန်ချိုးကြိတ်မနိုင်ခဲမရဖြစ်မိသည်။

ခေါင်းကခြောက်ချက်ချုပ်လိုက်ရတဲ့အပြင်
တင်ပဆုံရိုးပါ အက်သွားသည်တဲ့။

အဲ့တစ်ယောက်ကဘာမလို့ အကိုကြီးကို
ထိခိုက်အောင်လုပ်ရတာလဲ ......

အကိုကြီးကရော ဘာဖြစ်လို့
အခုလောက်ထိသည်းခံနေရတာလဲ .....

အကိုကြီးရဲ့အရင်စိတ်နဲ့သာဆို
ချောက်ချွမ် အမှုန့်ဖြစ်နေလောက်ပြီ ......

' မဟုတ်မှလွဲရော အကိုကြီးက
ချောက်ချွမ်အပေါ် ခံစားချက်တွေ
ရှိနေတာတော့ မဟုတ်ပါဘူးနော် '

" အကိုကြီး !!! "

" ဘာတုန်းဟ !! လန့်လိုက်တာ "

" အကိုကြီးလေ .... ချောက်ချွမ်ကို
ကြိုက်နေတာလား "

မေးလိုက်တော့ အကိုကြီးက
ခပ်စူးစူးပြန်ကြည့်လာသည်။

" အကိုကြီး ကြိုက်ကြိုက်မကြိုက်ကြိုက်
အဲ့တစ်ယောက်က ထပ်ပြီး
အကိုကြီးကိုထိပါးလာမယ်ဆိုရင်
ကျနော်ငြိမ်နေမှာ မဟုတ်ဘူး .....
မိန်မိန်နဲ့ရိဝမ်လည်း ငြိမ်နေမယ်မထင်ဘူး .... "

" ငါ့ကိစ္စတွေကို ဝင်မပါနဲ့ !! "

" မပါလို့မရဘူး အကိုကြီး ......
အကိုကြီးက ကျနော်တို့ကျန်းမိသားစုရဲ့
ထောက်တိုင် ...
ကျနော်တို့မိသားစုရဲ့ပဲ့ကိုင်ရှင်
အကိုကြီးပြိုလဲသွားရင် ကျနော်တို့ပါ
ယိုင်နဲ့သွားလိမ့်မယ် ......
အကိုကြီးကို မှီခိုအားထားနေတဲ့
ကျန်းမိသားစုရဲ့ လက်အောက်ခံတွေ ....
သူတို့တွေအကုန် ထမင်းငတ်ကုန်လိမ့်မယ်!!! "

" ငါးနားချင်တယ် ပြန်တော့ !! "

" အကိုကြီး !! "

" စီချုံး ..... သူ့ကိုပြန်ပို့လိုက်တော့ "

" ဟုတ်ကဲ့ပါ .... သခင်ကြီး "

" မလိုဘူး ...... ငါ့ကိုမထိနဲ့ !!! "

အနားကပ်လာတဲ့ စီချုံးကို
ခပ်ဆတ်ဆတ်အော်ပစ်တော့
နေရာမှာတင် ရပ်တန့်သွားသည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now