Part (8)

2.5K 215 13
                                    

Unicode

အချိန်အားဖြင့်တစ်ပတ်ကြာသော် ......

ရိုက်ကူးရေးလည်းပြီးပြီမို့ ​​ချောက်ချွမ်
အိမ်မှာသာ အနားယူနေမိသည်။

စာချုပ်ကိစ္စပြောပြီးထဲက ကျန်းလုပ်ငန်းစုက
Bodyguardတွေကလွဲလို့ ဘယ်သူ့ကိုမှ
သူထပ်မတွေ့ရတော့။

ဒါလည်းကောင်းတာပါပဲ .....

စိတ်ရှုပ်ရသက်သာတာပေါ့ ......

သိပ်မကြာခင်ရက်ပိုင်းက
ကျန်းလုပ်ငန်းစုရဲ့ဥက္ကဌသစ်
တင်မြှောက်ဂုဏ်​ပြုပွဲလုပ်ကြသည်တဲ့ .....

သူ့ဆီဖိတ်စာရောက်လာပေမယ့်
မသက်ဆိုင်တဲ့နေရာမို့ သူမသွားဖြစ်ခဲ့။

ကိုယ်လှလှပပကြီးရှုံးနိမ့်ခဲ့ရသူရဲ့
ဂုဏ်ပြုပွဲကို တက်ရလောက်တဲ့အထိလည်း
သူအရှက်မမဲ့သေးချေ။

အိမ်မှာသာ movieတွေကြည့်လိုက်
အိပ်လိုက်ဖြင့် အချိန်​တွေကို အဓိပ္ပါယ်မဲ့စွာ ကုန်ဆုံးနေ​ေစမိသည်။

အလုပ်လုပ်ချင်စိတ်လည်း မရှိသလို
ဘယ်အလုပ်ကမှလည်း သူ့ကို
ကမ်းလှမ်းမလာခဲ့။

ဒီလိုနဲ့အနုပညာလမ်းကြောင်းပေါ်ကနေ
ပျောက်ကွယ်သွားတော့မည့်သဘောမှာ
ရှိနေသည်။

ဘယ်တတ်နိုင်ပါ့မလဲ......

ဖြစ်လာသမျှပြဿနာ ရင်ဆိုင်ရမှာပေါ့.....

တစ်ကိုယ်တည်းသမားအဖို့ လောကကြီးမှာ
နေစရာ မရှားပါဘူး .....

စားဖို့ကတော့ ဖြစ်သလိုရှာဖွေစားသောက်
ရမှာပေါ့.....

မသေရဲသေးတဲ့ဘဝမှာ
ရှင်သန်ဖို့ ဖြစ်တဲ့နည်းနဲ့ကြိုးစားရမှာပဲ .....

Ring .... Ring ..... 📲📲📲

အဆုံးစွန်ထိတွေးပြီး ရင်ဆိုင်ဖို့
ကြိုးစားနေတုန်း ဖုန်းဝင်လာတာကြောင့်
စိတ်မပါစွာ ကိုင်လိုက်မိသည်။

" Hello ...... "

" ........ "

" ဟုတ်ကဲ့ .... ချောက်ချွမ်ပါ သူဌေးချန်.... "

" ..... "

" အာ .... မွေးနေ့လား ?
လာခဲ့ရမှာပေါ့....
သူဌေးချန်ကိုယ်တိုင် ဖိတ်တာပဲကို .....
ဆက်ဆက်လာခဲ့ပါ့မယ် "

 Are You Hurting Dear ? ( Complete )Where stories live. Discover now