Part (18)

2.2K 164 7
                                    

unicode

" ဒီမှာ .... ဒီမှာ !! "

သူခေါ်လိုက်သော်လည်း မဆလာဖျော်သံ၊
ကားသံ၊ စက်သံတို့ကြောင့်
ထိုလူက ကြားဟန်မတူ။

လျှန်ချိုး ထိုလူအနားပိုကပ်သွားလိုက်သည်။

ထို့နောက် ပုခုံးကိုပုတ်ဖို့ကြည့်လိုက်တော့
မဲနက်နေတဲ့ အသားအရည်ပေါ်က
ချွေးစက်တွေကြောင့် သူတန့်သွားရသည်။

အသားမဲမဲပေါ်က ချွေးစက်တွေက
တဒီးဒီးစီးကျနေသည်မှာ
ရေချိုးထားသည့်အလားပင်။

ထို့ကြောင့်နှာခေါင်းကိုရှုံ့ပစ်ရင်း
ပိုက်ဆံအိတ်ဖြင့် ခေါင်းကိုလှမ်းပုတ်လိုက်သည်။

ဘုတ် !! ဘုတ်

" ဟ !! "

သံရိုက်နေရင်း ခေါင်းကိုလာထိတဲ့
အရာဝတ္ထုကြောင့်  မြတ်သူဟိန်း
အလန့်တကြား ထခုန်လိုက်မိသည်။

မတော်လို့ Slabပေါ်က ပျဥ်တွေ၊သစ်တွေများ
ပြုတ်ကျလာသလား ........

သို့သော် သူထင်သလိုမဟုတ်မှန်း
နောက်က အသားဖြူဖြူ၊မျက်ပေါက်မှေးမှေး
မျက်မှန်နဲ့လူဝတုတ်ရဲ့ မြှောက်ထားတဲ့
လက်ကြောင့်သိလိုက်ရသည်။

ရာရာစစသူ့ခေါင်းကို ပိုက်ဆံအိတ်နဲ့
လာရိုက်တယ်လား .....

ဒီလူတော့ .....

" မင် က လာ ပါ ... "

" ဟမ် "

စိတ်တိုတိုနဲ့ မာန်မဲဖို့ပြင်လိုက်ပေမယ့်
မပီမသထွက်လာတဲ့ စကားသံကြောင့်
သူတုံ့ဆိုင်းသွားမိသည်။

" အဟမ်း !! "

အရှေ့က မှုန်ကုပ်ကုပ်လူကြောင့်
လျှန်ချိုးချောင်းတစ်ချက်
အရင်ဟန့်လိုက်သည်။

ဒီလူက သူ့ရဲ့မျှော်လင့်ချက်ပဲ။

ဒီလူကိုတော့ လုံးဝလွှတ်မပေးပဲ
သေချာပေါက် ကူညီခိုင်းရမယ်။

* New World ကုမ္ပဏီကိုသိလား *

" ဟမ် "

* New World Company ... *

" နယူးဝေါ်လ် ? "

တရုတ်စကားထဲ ညှပ်ပါလာတဲ့
အင်္ဂလိပ်စကားလုံးကြောင့်
မြတ်သူဟိန်း သံယောင်လိုက်ပြောမိသည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now