Part (15)

2.6K 188 5
                                    

Unicode

" ဝန်ကြီးချုပ်ကို ပေကျင်းမှာရှိတဲ့
Twinkle Star ဟိုတယ်ပေးလိုက်ပါတယ်
သခင်ကြီး ......
လီဖုန်းရန်၊ရှန့်ဟိုမင်နဲ့ ကျစ်ရွှီတို့ကိုက
Private hospital တစ်ခုအပိုင်ပေးလိုက်ပါတယ် ......
ကျန်တဲ့ Bodyguard တွေက ကျနော်တို့
လူတွေမို့စိုးရိမ်စရာ မရှိပါဘူး သခင်ကြီး ..... "

ကျန်းသခင်​ကြီးက အလုပ်ခန်းအတွင်းရှိ
ဖန်သား​​ပြင်ထက်မှ လူတချို့၏
ကိုယ်ရေးအချက်အလက်များကို
ကြည့်ပြီး စီချုံးတင်​ပြသမျှအား
နားထောင်နေလျှက်ရှိသည်။

" ဖန်လိဟုန်တို့အဖွဲ့ကရော ? "

" ချန်ကုမင်နဲ့ဖန်လိဟုန်တို့အဖွဲ့တွေကို
တရုတ်ပြည်ထဲမှာ ဆက်မနေဖို့
အကြောင်းကြားထားပါတယ် သခင်ကြီး.... "
မနက်ဖြန်ရောက်တဲ့အထိ တရုတ်ပြည်ထဲမှာ
ရှိနေသေးရင် သူတို့လုပ်ငန်းတွေအကုန်
ဖျက်ဆီးပစ်ဖို့ စီစဥ်ထားပြီးပါပြီ ..... "

ကျမ်းသခင်ကြီးက ခေါင်းငြိမ့်ရင်း
တစ်ချက်တွေးတောကာ

" နောက်ပိုင်းအန္တရာယ်ရှိလာနိုင်တယ် .....
လုံခြုံရေးကို သေချာဂရုစိုက် ......
အထူးသဖြင့် Cyberလုံခြုံရေးကို
ပိုတင်းကြပ်လိုက် !! "

" ဟုတ်ကဲ့ပါ သခင်ကြီး "

ဆက်လက်၍ လုပ်ငန်းကိစ္စများဆွေးနွေးပြီးနောက် ကျန်းသခင်ကြီး အပြင်ပြန်ထွက်လာသည်။

ထိုအချိန် Bodyguard တစ်ယောက်က
အနားလာကာ

" သခင်လေးရိဝမ်ရောက်နေပါတယ်
သခင်ကြီး "

" ဧည့်ခန်းထဲမှာလား ... သူ့အခန်းမှာလား "

" အခန်းထဲမှာပါ သခင်ကြီး "

" ရပြီ ... သွားတော့ "

" ဟုတ်ကဲ့ပါ သခင်ကြီး "

ကျန်းသခင်ကြီး သားဖြစ်သူအခန်းရှေ့သွားကာ အသံပေးခလုတ်ကို နှိပ်လိုက်ပြီး

" သားငယ် .... ပါပါးလာတယ် "

သူ့စကားဆုံးတော့ တီကနဲ့အသံမြည်သွားပြီး
သားအခန်းက Autoပွင့်လာသည်။

သူဝင်သွားတော့ သားငယ်က
ကုတင်ပေါ်မှာ မှောက်လျက်ရှိနေပြီး
မျက်နှာကို ပြတင်းပေါက်လှည့်ထားသည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now