The end

2.6K 109 8
                                    

Unicode

ယနေ့ကား ချောက်ချွမ် မွေးဖွားမည့်ရက်ဖြစ်လေသည်။

ကျန်းလုပ်ငန်းစုတစ်ခုလုံးကို တစ်ပတ်တိတိ
ပိတ်ရက်အဖြစ် ကြေငြာထားတာမို့
ဆေးရုံတွင် မိသားစု စုံလင်နေကြလျက်ရှိသည်။

ခဏအကြာတွင် ကျိုးလုံချင်နှင့်ဝေလင်းတို့ပါ
ရောက်လာကြ၏။

" ခွဲခန်းထဲဝင်သွားကြပြီလား ငပိုင် "

" မဝင်သေးဘူး ဝေလင်း ... ဦးလေးနှစ်က
လိုအပ်တာတွေ စစ်ဆေးနေတုန်း "

" တော်သေးတယ် ...
ငါက နောက်ကျသွားပြီထင်နေတာ "

" မကျပါဘူး ... ဟိုမှာလာနေကြပြီ "

ပိုးသတ်ထားသည့် ခွဲစိတ်မည့်လူနာဝတ်စုံကို
ဝတ်ဆင်ထားသော ချောက်ချွမ်အား
တွန်းလှဲပေါ်တင်ကာ ဆရာဝန်တွေက တွန်းလာနေကြပြီး ကျန်းသခင်ကြီးတို့
ညီကိုနှစ်ယောက်ကတော့ နောက်ကနေ စကားပြောရင်း လိုက်ပါနေကြ၏။

ကျန်းသခင်ကြီး မျက်နှာက ပူပန်နေပုံရပြီး
လျှန်ချိုးကတော့ အေးဆေးတည်ငြိမ်နေ၏။

" မင်းကို ယုံလို့ မင်းလက်ထဲပဲအပ်တာ
သိတယ်မလား...
အစစအရာရာ သတိကြီးကြီးထားပေး...
သူသာတစ်ခုခုဖြစ်ရင် ငါရူးမှာ "

" .... "

" ပြီးတော့ အကယ်၍များ ကလေးနဲ့လူကြီးသာ ယှဥ်ရွေး ... "

" အကိုကြီး !! "

စကားပြောနေရင်း ဖြတ်အော်ခံလိုက်ရတော့
ကျန်းသခင်ကြီး မျက်နှာက အံ့အားသင့်ကာ
မည်းမှောင်သွားလေသည်။

" ခွဲခန်းဝင်ရတော့မယ့် ဆရာဝန်တစ်ယောက်ကို ဖိအားတွေ မပေးပါနဲ့လားဗျာ ...
အကိုကြီးမပြောလည်း  မရီးနဲ့က​လေးကို ဂရုစိုက်မှာပါ ... "

" ငါ ... ငါက စိတ်ပူလို့ "

" အဘိုးကြီး ဘာမှစိတ်ပူမနေနဲ့ ...
ကျုပ်က ကလေးချီပြီး ကောင်းကောင်းထွက်လာမှာ ... ခင်ဗျားကြီး ပြုစုဖို့သာ ပြင်ထား "

" ကိုယ်အများကြီး ဂရုစိုက်ပေးမှာမို့
Baby သာ ကောင်းကောင်းမွန်မွန် ပြန်ထွက်လာခဲ့နော် ...
ကိုယ့်အတွက် Babyကလွဲလို့
ဘာမှအရေးမကြီးဘူး "

 Are You Hurting Dear ? ( Complete )Where stories live. Discover now