Part (13)

3.1K 220 16
                                    

Unicode

မနက်မိုးလင်းသော် ~~~~~

နာကျင်ကိုက်ခဲမှုတွေနဲ့အတူ
ချောက်ချွမ်သတိ ပြန်လည်လာသည်။

ထလို့အဆင်မပြေတာကြောင့်
လှဲနေလျက်နှင့် မျက်လုံးဖွင့်ကြည့်မိတော့
မျက်နှာချင်းဆိုင်မှာ ကိုယ့်ကိုကြည့်နေတဲ့
ကျန်းသခင်ကြီးကို တွေ့ရသည်။

ထိုသူ့မျက်နှာမြင်တော့
ညကမြင်ကွင်းတွေကို ပြန်သတိရမိသည်။

ကိုယ့်အသွေးအသားကို
စိတ်တိုင်းကျစားသုံးခဲ့တဲ့ လူယုတ်မာ ......

အသက်ကြီးပြီး ကိုယ်ချင်းစာစိတ်မရှိတဲ့
လူယုတ်မာ ......

ထိုလူယုတ်မာကို
အစိတ်စိတ်အမွှာမွှာဖြစ်အောင်
လုပ်ပစ်ချင်နေမိပေမယ့်
နာကျင်နေတဲ့ကိုယ်ခန္ဓာကြောင့်
မုန်းတီးစွာစိုက်ကြည့်နေရုံမှတစ်ပါး
အခြားမတတ်နိုင်ခဲ့ .......

" Baby သက်သာရဲ့လား ....
အခုက သူများအိမ်မှာမို့ အိမ်ပြန်ရောက်ရင် ကိုယ်ဆရာဝန်ခေါ်ပေးမယ်နော် .... "

" မ လို ဘူး !! "

ဒေါသတကြီးပြောမိပေမယ့်
အသံက လှိုက်လှဲတုန်ခါနေသည်။

" ကိုယ်တောင်းပန်ပါတယ် ..... "

လာပြန်ပြီ ဒီစကား !!

ဒီလူ့ပါးစပ်က ထွက်လာတဲ့ဒီစကားကို
ချောက်ချွမ်သေလောက်အောင်
မုန်းတီးမိပါသည်။

သူတို့နောက်ဆုံးတွေ့ခဲ့ကြတုန်းက
လူယုတ်မာက ဒီစကားကို​ပြောခဲ့တာ ....

အခုတော့ သူ့ဘဝတစ်ခုလုံး
စုတ်ပြတ်သတ်နေအောင် နင်းခြေခံလိုက်ရပြီ။

ဘာ​တွေထပ်ပြီး ဖျက်စီးချင်သေးတာလဲ .....

ဒေါက် !! ဒေါက် ~~~~ ဒေါက် ~~~

ထွက်ပေါ်လာတဲ့တံခါးခေါက်သံကြောင့်
ချောက်ချွမ်မျက်နှာကိုတစ်ဖက်လှည့်ပစ်လိုက်သည်။

သိမ်းမရတဲ့မျက်ရည်စတွေနဲ့
လူတွေရှေ့မှာ သူပြိုလဲမပြချင်ဘူး .....

" မဂ်လာနံနက်ခင်းပါ ကျန်းသခင်ကြီး ... "

တံခါးဖွင့်လိုက်သည်နှင့် ဝန်ကြီးချုပ်က
ပြုံးရွှင်စွာ နှုတ်ဆက်တော့သည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now