Part (2)

4K 290 21
                                    

Unicode

နောက်တစ်နေ့ ချောက်ချွမ်ရိုက်ကူးရေးပြီးချိန် တည်းခိုနေသည့်ဟိုတယ်ရဲ့
အပေါ်ဆုံးထပ်ကိုတက်ပြီး ညစာစားဖို့
စီစဥ်ထားသည်။

ဒီတစ်ခါတော့ ချောက်ချွမ်တစ်ယောက်ထဲမဟုတ်ပဲ staff ပါ လိုက်လာခဲ့သည်။

Staffနှင့်အတူ ချောက်ချွမ်ညစာစားရင်း
ထွေရာလေးပါးပြောဆိုနေမိသည်။

" ရိုက်ကွင်းဖက်သွားကြမလား ...
ချန်းယွင်ရှင်းရဲ့ ရိုက်ကူးရေးအချိန်ရှိတယ် "

Staffက ချောက်ချွမ်ရဲ့ခံစားချက်တွေကို
သိနေသူမို့ စကားလမ်းကြောင်းလာသည်။

" မသွားချင်ပါဘူး ...
သူတို့နဲ့ ခပ်ဝေးဝေးနေချင်တယ် "

ချောက်ချွမ်ပြောတော့ Staffက ခေါင်းငြိမ့်ရင်း

" အဲ့တာဆို မြို့ထဲလျှောက်သွားကြမလား ....
မနက်ဖြန် ရိုက်ကူးရေးက နေ့လည်မှ ... "

" ဖြစ်ပါ့မလား "

" စိတ်ပူမနေနဲ့ ... အေးဆေး "

ချောက်ချွမ်တစ်ချက်တော့
စဥ်းစားသွားသည်။

လူက ပင်ပန်းနေပေမယ့် ဟိုတယ်မှာပဲ
နားနေရင် ရှင်းအကြောင်းတွေးမိပြီးသေချာပေါက် စိတ်ပါပင်ပန်းနေဦးမှာ .....

မြို့ထဲလျှောက်သွားလိုက်ရင်တော့
နည်းနည်းဖြစ်ဖြစ်သက်သာကောင်းပါရဲ့ ....

" ဘယ်လိုလဲ ... သွားမလား "

" Ok လေ ... သွားကြတာပေါ့ "

Billရှင်းပြီးတော့ Staffနဲ့အတူ
ဟိုတယ်က Taxiငှားကာ
အပြင်ထွက်လာခဲ့ကြသည်။

သူတို့နောက်မှာ ကားတစ်စီး
လိုက်လာသည်ကိုတော့ သူတို့မသိကြချေ။

ပထမဦးဆုံးလူရှင်းသည့်
မြို့ရဲ့အပြင်ဘက်ကို ထွက်လာကြသည်။

လမ်းဘေးသစ်ပင်တန်းတွေနားမှာ
ကားကိုချရပ်ပြီး ၀ယ်လာတဲ့
ဘီယာနဲ့မုန့်အချို့ကို ဖောက်စားကြသည်။

" မင်းဘ၀ရဲ့ အချစ်ဦးက ဘယ်သူလဲ
ချောက်ချွမ် "

ဘီယာဗူးကို ဖောက်သောက်ရင်းမှ
Staffက မေးလာသည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now