Part (20)

2.4K 168 15
                                    

Unicode

" ကျနော်မလိုက်နိုင်ဘူးဗျ "

မြတ်သူဟိန်းရဲ့ စကားအဆုံးကျစ်ယီရဲ့
မျက်နှာမှာ
စိတ်ပျက်မှုတွေအထင်းသားပေါ်လာသည်။

* ဘာတဲ့လဲ *

* မလိုက်နိုင်ဘူးတဲ့ *

* လစာလိုချင်သလောက်ပေးမယ်လို့
ပြောလိုက် *

လျော့မယ့်ပုံမပေါ်တဲ့ လျှန်ချိုးကြောင့်
ကျစ်ယီစိတ်ညစ်ရပြန်သည်။

ဘယ့်နှယ် တရုတ်စကားမတတ်တဲ့သူကို
တရုတ်ပြည်ခေါ်တာ
ဘယ်သူက လိုက်ချင်မှာတဲ့လဲ .......

ပြီးတော့ အခုမှသိတဲ့သူတွေလည်း
ဖြစ်နေတာကို သကောင့်သားက
ဇွတ်ဆိုမှဇွတ်ဖြစ်နေတော့တာပဲ .......

" ကိစ္စမရှိ​တော့ရင် ကျနော်ပြန်တော့မယ်ဗျ "

" နေ... နေပါဦး ခဏလေးပါ "

သူပြောတော့ New World ကုမ္ပဏီပိုင်ရှင်က
ပြာပြာသလဲ ထတားလာသည်။

ဟိုတရုတ်ကြီးကတော့
မျက်နှာကြီးမော်ထားလျက်
တစ်လောကလုံးကို ဘာမထီတဲ့ရုပ် .......

" မြန်မြန်ပြောပါဗျ .....
ရုံးကားနဲ့လာရတာမို့ ကြာနေရင်
မကောင်းတတ်လို့ပါ "

" အေး အေးပါကွာ .....
ဒါနဲ့ ညီလေးက အကိုတို့ကမ်းလှမ်းချက်ကို
ဘာလို့ငြင်းတာလဲ.....
ဘာသာစကားအခက်အခဲကြောင့်ဆို
အကိုတို့ဘက်က သင်တန်းထားပေးမှာပါ .....
လစာကလည်း အကိုတို့မှာရှိတဲ့
Special  Bodyguardတွေရဲ့ လစာအတိုင်း
တစ်လကို စာရိတ်ငြိမ်း ယွမ် ၁၀ဝဝ၀ဝ ရမယ် .... "

" အကိုတို့ကို အားနာပါတယ် ...... 
ကျနော်တကယ်လိုက်လို့ အဆင်မပြေလို့ပါ....
ကျနော့်အမေက အသက်ကြီးနေပြီ ....
တစ်ခုခုဆို အမေ့မှာအားကိုးစရာ
ကျနော်ပဲရှိတာ ..... 
ရေခြားမြေခြားမပြောနဲ့
ဒီမန္တလေးထိတောင်မလွှဲသာလို့လာရတာ ...
ရွာမှာသာ အလုပ်ရှိရင်
ဒီထိလာဖြစ်မယ်မထင်ဘူး ....... "

" ညီလေးက ဘယ်နယ်ကလဲ "

" မင်းဘူးဘက်ကပါ "

" ဪ "

ကျစ်ယီ ထိုမျှသာပြောလိုက်ပြီး
လျှန်ချိုးနားလည်အောင် အကျဥ်းချုံး
ဘာသာပြန်ပြလိုက်သည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now