Part (6)

2.6K 212 8
                                    

Unicode

ထိုနေ့နောက်ပိုင်း ချောက်ချွမ်ဆီမှာ
ကျန်းလုပ်ငန်းစုက Bodyguardတွေ၊
Staffတွေ ရောက်ရှိလာသည်။

မနှစ်ကမှစာချုပ်သက်တမ်းထပ်တိုးထားတဲ့
ချောက်ချွမ်တို့ Entertainment ကို
ကျန်းလုပ်ငန်းစုက လက်လွှဲဝယ်ယူဖို့
စီစဥ်နေသည်ဟုလည်း
သတင်းတွေထွက်နေသည်။

ချောက်ချွမ်က ရိုက်ကူးရေးကြောင့်
ထိုကိစ္စအား အတိအကျမသိရသေးချေ။

ထိုသတင်းသာအမှန်ဖြစ်ပါက
ချောက်ချွမ်ဘဝက မတွေးရဲစရာ......

စာချုပ်လျော်ဖို့ကလည်း သူ့မှာ
လုံလောက်တဲ့ငွေအင်အားရှိမနေဘူး။

ငွေအင်အားရှိနေရင်တောင်
ကျန်းလုပ်ငန်းစုကို
တွန်းလှန်နိုင်မယ့်အာဏာမျိုးမရှိဘူး။

နောက်ထပ် ၄နှစ်ကျော်လောက်ထိကို
သူဘယ်လို ဖြတ်သန်းရမှာလဲ......

အစစ်အမှန် မိဘနှစ်ပါးကိုရှာမတွေ့ပဲ
သူဘဝကို အဆုံးသတ်သွားရတော့မှာလား...

ဘယ်လောက်ပဲတင်းခံထားပါစေ
တကယ်တမ်းအခက်ကြုံလာရတဲ့အခါ
မမြင်ကွယ်ရာမှာ ကြိတ်ငိုမိသည်။

အားကိုးရင်ဖွင့်စရာလည်း
သူ့အတွက် မရှိဘူး.....

လောကဓံတရားက သူ့အ​ပေါ်
တကယ်ကို
ရက်စက်လွန်းအား​ကြီးတယ်......

Ring.....Ring...... 📲📲📲

ငိုနေရင်း ဖုန်းဝင်လာတာကြောင့်
မျက်ရည်သုတ်ကာ ဖုန်းကိုင်လိုက်မိသည်။

" Hello "

* ညနေပွဲတက်ရပါမယ် သခင်လေး *

" ရိုက်ကူးရေးက သဘက်ခါမှ ပြီးမှာလေ....
ဒီကြားထဲ ဘာပွဲမတက်ရဘူးလို့
Entertainment က ထုတ်ပြန်ထားတာ
မဟုတ်ဘူးလား "

* အဲ့တာ အရင်တုန်းကထုတ်ပြန်ချက်ပါ
သခင်လေး......
အခု သခင်ကြီးက ရိုက်ကူးရေးရှိလည်း
အရေးကြီးတဲ့ ပွဲတွေဆိုရင် တက်ရမယ်လို့
ညွှန်ကြားထားပါတယ် *

" သခင်ကြီး .... ?
ကျန်းလုပ်ငန်းစုက ငါတို့Entertainmentကို
ဝယ်လိုက်ပြီလား ....."

ချောက်ချွမ် ထိတ်လန့်တုန်လှုပ်စွာ
မေးမိသည်။

* ဟုတ်ပါတယ် သခင်လေး ....
မနေ့ထဲက လက်မှတ်ထိုးပြီးကြတာပါ ....
သခင်ကြီးက သခင်လေးကို အသိမပေးနဲ့ဆိုလို့ သခင်လေးမသိရသေးတာပါ.....
ကျန်တဲ့သူတွေအကုန် သိပြီးကြပါပြီ *

 Are You Hurting Dear ? ( Complete )Where stories live. Discover now