Part (33)

1.9K 152 37
                                    

Unicode

" ဘယ်တုန်းစ​ပြီးက သူများစကားကို
နားထောင်တတ်သွားတာလဲ Baby .... "

အသံကြောင့် တံခါးဖွင့်ဖို့ပြင်နေတဲ့
ချောက်ချွမ်လက်တွေ တွန့်ကနဲ ....

" အကိုကြီး !! "

" ​တရုတ်ကိုပြန်ရောက်နေရဲ့သားနဲ့
ဘာလို့အကိုကြီးဆီမလာတာလဲ .... "

အကိုဖြစ်သူရဲ့စကားကြောင့်
လျှန်ချိုး မျက်နှာစူပုတ်ကာ တစ်ဖက်ကို
လွှဲလိုက်မိသည်။

" စိတ်ကောက်နေတုန်းလား "

" ကျနော် ကလေးမဟုတ်တော့ဘူး !! "

ကျန်းသခင်ကြီးက သူ့ညီပုံစံကြောင့်
သ​ဘောတကျရယ်ရင်း

" အခုတော့အချိန်လင့်နေပြီ ....
မနက်ကျ အတူထမင်းစားရအောင် ... "

" ဟုတ်ကဲ့ "

" အခုသွားနားတော့ "

" အကိုကြီး သူ .... "

" အကိုကြီး ရှင်းလိုက်မယ် "

လျှန်ချိုးက မထွက်သွားသေးတဲ့
ချောက်ချွမ်ကိုကြည့်ကာ
မေးဖို့ပြင်လိုက်ပေမယ့် ကျန်းသခင်ကြီးက
ဖြတ်ပြောလိုက်တာကြောင့်
လိုရင်းမရောက်လိုက်။

အကိုဖြစ်သူရဲ့မျက်နှာပေါ်က
အရိပ်တွေကြောင့်
လျှန်ချိုးထွက်သွားဖို့သာ တွေးလိုက်သည်။

" ဂရုစိုက်ပါ အကိုကြီး ....
ဒဏ်ရာကိုလည်း မေ့မနေပါနဲ့ .... "

ကျန်းသခင်ကြီး
ပြုံး၍သာခေါင်းငြိမ့်ပြလိုက်သည်။

" အနာကိုက်တာတွေ ဘာတွေဖြစ်ရင်
လှမ်းခေါ်လိုက်နော် "

" ဟုတ်ပါပြီကွာ ... "

အကိုဖြစ်သူကို သေချာမှာကြားခဲ့ပြီးနောက်
လျှန်ချိုး တံခါးဖွင့်ကာ ထွက်လာလိုက်သည်။

မလွန်ဆန်နိုင်လို့သာ သူထွက်လာရတာ
တကယ်ဆို အကိုဖြစ်သူကို စိတ်မချ။

ထပ်ပြီး ထိခိုက်သွားမှာကို
စိုးရိမ်နေမိသည်။

ချောက်ချွမ်အပေါ် သည်းခံနေခြင်းကိုလည်း
သူ့အနေနဲ့ မချိတင်ကဲ​ဖြစ်မိသည်။

သူ့အကိုဆိုတာ
တော်ရုံသည်းခံတတ်တဲ့ သူမှမဟုတ်တာ။

သူနဲ့သူ့မိသားစုကိုထိလာရင်
အဲ့လူကို ကမ္ဘာဆုံးထိမြေလှန်ရှာပြီး
အမှုန့်ချေပစ်တတ်တာမျိုး ....

 Are You Hurting Dear ? ( Complete )Where stories live. Discover now