အပိုင်း - (၂)

12.8K 1.4K 142
                                    

" ဆတ်ဆတ်ထိမခံဖြစ်နေတော့ မင်းကို ပိုပြီးစိတ်ဝင်စားမိသွားတယ်... အဟင်း "

သူပြောလိုက်တော့ အလိုမကျစွာနဲ့ တွန့်ကွေးသွားတဲ့ မျက်ခုံးတန်းနှစ်စုကပင် အတော်လေးဆွဲဆောင်မှုရှိနေသည်။ လူတွေပြော,ပြောနေတဲ့ ' မိန်းကလေးတွေရှုံးလောက်တဲ့အလှ ' ဆိုတာ ဒါမျိုးပဲ ဖြစ်လိမ့်မည်။

" ငါ့လက်ကိုလွှတ် "

ပြောလည်းပြော, အားထည့်ပြီးရုန်းနေတဲ့ ပန်းနုရောင်လူသားလေးကို သူ ဖြေလျော့ပေးလိုက်သည်။ ကျောခိုင်းထွက်သွားတဲ့ ပန်းနုရောင်ပုံရိပ်လေးကို မျက်တောင်မခတ်တမ်းကြည့်နေရင်း နှုတ်ခမ်းတစ်ဖက် တွန့်ချိုးကာပြုံးလိုက်သည်။

" ဘုံလျှန်... မင်း ကြည့်လှချည်လား "

ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ယံက ပခုံးတစ်ဖက်ပေါ် လက်တင်ရင်း သူအကြည့်တွေရှိရာ မှန်းဆပြီးလိုက်ကြည့်လာသည်။

" အချောလေးပဲဟ... ဘယ်အသိုင်းအဝိုင်းက စံပယ်ပွင့်လေး လဲ "

" စံပယ်ပွင့်မဟုတ်ဘူး... ပန်းနုရောင်မက်မွန်ပွင့်လေး.. ဟင်း! "

သူ့ကိုပြောပြီးတော့ မျက်နှာထက်မှာ တစ်ခုခုကို ကျေနပ်သွားတဲ့အပြုံးမျိုး ချိတ်ဆွဲပြီးထွက်သွားတဲ့ ဘုံလျှန်ကို သူ နားမလည်နိုင်စွာကြည့်ရင်း အနောက်ကနေသာ လိုက်လာခဲ့တော့သည်။

" ရိုး... ငါတို့ ဒီမှာ "

Hotel ရဲ့ နားနေဆောင်မှာ လျှန်တို့ထိုင်စောင့်နေတုန်း ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်က လျှန်တို့ရှိရာကို လျှောက်လာသည်မို့ ယံက လက်ပြကာ လှမ်းခေါ်လိုက်သည်။

" ဟျောင့်.. ဘုံလျှန်.. မင်းက အကြောင်းမကြား ဘာမကြား.. ဆိုင်းမဆင့်ဘုံမဆင့် ပြန်လာတာနော်... ငါ့ကို ယံကြီးဖုန်းဆက်တော့ စ,နေတယ်ထင်နေတာ "

" စ,စရာလား... ခွေးသားရ.. မင်းက ငါ ချစ်စနိုးနဲ့ စရမယ့်လူလား.. စဥ်းစဥ်းစားစားလည်း ပြောဦး "

" အော်... ငါကလည်း ချစ်စနိုးနဲ့ စ,တယ်လို့ မပြောပါဘူး "

" မပြောဘူးဆိုပေမယ့် ပြောချင်နေတာ ငါ သိတယ် "

My Beautiful SPOUSEWhere stories live. Discover now