အပိုင်း - (၁၇)

4.3K 437 29
                                    

ပါပါးကတော့ အားပါးတရရယ်နေပေမယ့် ဘုန်းခန့်ပိုင်ကတော့ မရယ်နိုင်ပါ။ လက်မောင်းကို ချိတ်ဆွဲထားတဲ့ သုန်သုန်ကလည်း ဟန်ပါပါနှင့် ဘုန်းခန့်ပိုင်၏ပခုံးထက်ကို မှီနွဲ့လာသည်။

နေးကိုလှမ်းကြည့်လိုက် သုန်သုန့်ကိုငုံ့ ကြည့်လိုက်နဲ့ ဗျာများနေတဲ့ ကိုခန့်ကိုကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။ လက်ထဲက သောက်လက်စဝိုင်လက်ကျန်ကို တရှိန်ထိုး မော့သောက်ပစ်လိုက်သည်။ လည်ချောင်းထဲပူဆင်းသွားတဲ့ အပူက ရင်ထဲကအပူကိုတော့ မှီလိမ့်မည်မထင်ပါ။

" နေးလက်ျာ... အများကြီးမသောက်နဲ့လေ "

အနားကနေ သတိပေးသလိုပြောလာတဲ့ ဒုဥက္ကဌကို တစ်ချက်သာစောင်းငဲ့ကြည့်ပြီး စားပွဲပေါ်မှာ အသင့်ချထားတဲ့ ဝိုင်နောက်တစ်ခွက်ကို လှမ်းယူလိုက်သည်။

" နှစ်ယောက်သားက လိုက်ဖက်တယ်နော်... ဒုဥက္ကဌ "

" မင်းကလိုက်ဖက်တယ်လို့မြင်ရင် လိုက်ဖက်တယ်ပေါ့... မလိုက်ဖက်ဘူးလို့ထင်ရင်တော့ မလိုက်ဖက်ရုံပေါ့... "

" ဒုဥက္ကဌက ကျွန်တော်ပြောတာကို လက်မခံချင်တာလား "

သုံးခွက်မြောက်ဝိုင်ခွက်ကို သောက်ပြီးနောက်မှာတော့ နေးလက်ျာတစ်ယောက် မူလအသွင်ပြောင်းကာ အသွက်ကလေးဖြစ်လာသည်။ ပင်ကိုယ်အသားအရည်က ဖြူနုနေတာမျိုးမဟုတ်ပဲ ကြည်လင်ကာရှင်းသန့်သည့်ပုံစံမျိုးရှိသူမို့ အနည်းငယ်မူးလာတာနဲ့ ပါးမို့မို့လေးနှစ်ဖက်က ရဲသွေးခြယ်လာသည်။

" နေးလက်ျာ... မင်း မူးနေပြီ... ကိုယ်တို့အေးဆေးတဲ့နေရာသွားကြမလား "

" ကျွန်တော် မမူးသေးဘူး... ထပ်သောက်လို့ရတယ် "

ရစ်လုံးလေးဖြစ်လာတဲ့ နေးလက်ျာကိုကြည့်ပြီး လျှန်ရယ်ချင်စိတ်ကို ထိန်းထားရသည်။ ခန်းမထဲရှိလူတွေက လျှန်တို့နှစ်ယောက်ကို ဂရုမစိုက်အား။ မင်္ဂလာသတင်းကိုဂုဏ်ပြုဖို့သာ သူ့ထက်ငါအပြိုင်အဆိုင်ဖြစ်နေကြသည်။

" မင်းမမူးပေမယ့် ကိုယ်မူးနေပြီ... ပြီးတော့ ပင်ပန်းနေလို့နားချင်ပြီ "

My Beautiful SPOUSEWhere stories live. Discover now