အပိုင်း - (၁၀)

4.6K 455 25
                                    

အထပ်မြင့်အဆောက်အဦတစ်ခု၏ အခန်းအတွင်း၌ဖြစ်သည်။ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေလျက်။

ဖန်စားပွဲပေါ်သို့ ဖိုင်တွဲတစ်ခု ပစ်ချလိုက်သည့်အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဆိုဖာဆက်တီမှာ ထိုင်နေတဲ့လူကြီးက သူ့ရှေ့မှာ ခေါင်းငုံ့မတ်တပ်ရပ်နေတဲ့သူကို ကြည့်ပြီး တောက်တစ်ချက်ခေါက်သည်။

" မင်း ဘာတွေလုပ်နေတာလဲ   ဘုန်းခန့်ပိုင်... ဘယ်အချိန်ထိ မင်းကို ငါ စိတ်မချဖြစ်နေရမှာ... ဘယ်အချိန်ရောက်မှ မင်းကို အားကိုးလို့ရမှာလဲ... ဟမ်  " 

ဒေါသတကြီးနဲ့ ဆူပူကြိမ်းမောင်းနေသူက ဘုန်းခန့်ပိုင်၏ဖခင် ---ဝန်ကြီး ဦးဘုန်းတင်ဖြစ်သည်။ 

" ကျွန်တော်လည်း... "

" တော်တော့... မင်းဆီက ငါ ဘာဆင်ခြေမှ မကြားချင်ဘူး... ကိုယ့်ဆီသေချာပေါက်ရောက်လာမယ့် အခွင့်အရေးကိုတောင် အဖြစ်ရှိအောင် မထိန်းသိမ်းနိုင်ဘူး... မင်းကို ငါ အတန်တန်သတိပေးခဲ့ရဲ့သားနဲ့... "

သေချာစုံစမ်းထားပါလျက်နှင့် ခန့်မှန်းထားသလို ဖြစ်မလာသည်ကြောင့် ဘုန်းခန့်ပိုင်ကိုယ်တိုင်လည်း ကြိတ်မနိုင်ခဲမရ ဖြစ်နေသော်ငြားလည်း ဖခင်ဦးဘုန်းတင် ကို မလွန်နိုင်သူမို့ မာန်မဲသမျှကို ငြိမ်နေခံရသည်။

စိတ်ထဲမှာတော့ တစ်စုံတစ်ယောက်ကို ကျိန်းဝါးနေလျက်။

" ကျွန်တော် တောင်းပန်ပါတယ်... ပါပါး... နောက်မဖြစ်စေရပါဘူး "

" တိတ်စမ်း ဟိတ်ကောင်... နောက်တစ်ခါဆိုတာ မရှိဘူး... ငါ ကိုရောင်ခြည် ကို ဖုန်းဆက်ထားတယ်...

ဒီတစ်ခါလုပ်ငန်းက သုန်သုန် ဦးဆောင်ပြီးလုပ်မှာ... မနက်ဖြန်ကျရင် မိတ်ဖက်ကုမ္ပဏီနဲ့ လုပ်ငန်းခွင်ကွင်းဆင်းသွားလိမ့်မယ်...

တစ်ပတ်လောက်ကြာလိမ့်မယ်... ပန္နက်ချမင်္ဂလာလုပ်ပြီးမှ ပြန်လာမှာ... မင်း သုန်သုန်နဲ့အတူ လိုက်သွား...   "

တစ်စုံတစ်ယောက်၏ ပယောဂကြောင့် ဦးဘုန်းတင်ရဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်မယ့် အစီအစဉ်ပျက်သွားပြီးနောက်မှာတော့ အရေးပေါ်စီစဥ်ထားတဲ့ စီးပွားရေးခြေလှမ်းတစ်ခုကို ထုတ်သုံးရတော့သည်။

My Beautiful SPOUSEWhere stories live. Discover now