အပိုင်း - (၇)

7.2K 783 37
                                    

လျှန် ကားကို အမြန်ဆုံးအရှိန်တင်ပြီး ကုမ္ပဏီကို ဦးတည်မောင်းနှင်လာသည်။ သူ ရောက်လာတာတွေ့တော့ security များလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကားတံခါးဖွင့်ပေးဖို့ သူ့ဆီအမြန်ပြေးလာကြပေမယ့် သူကတော့ ထိုလူတွေကိုတောင် ဂရုမစိုက်နိုင်ပဲ ရုံးခန်းရှိရာကိုသာ ခပ်သွက်သွက်ဦးတည်လိုက်သည်။

သူ့ရုံးခန်းထဲရောက်တော့ အလုပ်စားပွဲအံဆွဲထဲက ဖိုင်တွဲတစ်ခုကိုထုတ်ပြီး ရှာကြည့်လိုက်သည်။ ဒါတွေက သူ ဒီကိုပြန်မရောက်ခင်ကတည်းက ကမ်းလှမ်းထားတဲ့ အကျိုးတူပူးပေါင်းမှုစာချုပ်တွေဖြစ်ပြီး အခုမှသာ လှန်ကြည့်ဖြစ်သည်။ 

TPC Construction Group 

ဖိုင်တွဲထဲက လုပ်ငန်းစုတစ်ခုရဲ့ ကမ်းလှမ်းမှုစာချုပ်ကို ရွေးထုတ်လိုက်တဲ့ လျှန့်မျက်နှာထက်မှာ အပြုံးတစ်ပွင့် ခပ်ရေးရေးပေါ်လာသည်။ ထိုအပြုံးက နှစ်လိုဖွယ်အပြုံးတစ်ပွင့်မဟုတ်တာတော့ သေချာနေခဲ့သည်။ ဒါသာ စစ်တုရင်ကစားပွဲတစ်ခုဆိုရင် ဘယ်သူကအောင်နိုင်သူဖြစ်မလဲ... 

ကုမ္ပဏီကပြန်လာပြီး လမ်းတစ်ဝက်အရောက်မှာ ဝေယံဆီက ဖုန်းဝင်လာသည်ကြောင့် လျှန် အမြန်ကိုင်လိုက်သည်။ 

" ဟဲလို... ဝေယံ ပြော... ဘာထူးလို့လဲ "

" အေး... ဘုံလျှန် မင်း ပြန်လာနေပြီလား... ဒီမှာ နေးလက်ျာက ပြန်နေပြီဟ "

ဝေယံအပြောကြောင့် သူ ခေတ္တခဏအသံတိတ်သွားသည်။ သူ ကုမ္ပဏီကိုအသွားအပြန်လုပ်တဲ့အချိန်က အလွန်ဆုံးရှိမှ မိနစ်လေးဆယ်လောက်သာ ရှိလိမ့်မည်။ ဒီအချိန်လေးအတွင်းမှာ နေးလက်ျာက ဘုန်းခန့်ပိုင်အိမ်ကနေ ပြန်ပြီတဲ့လား... ဒီလိုဆို သူ့ရဲ့အစီအစဉ်က အလုပ်ဖြစ်တယ်လို့ပြောလို့ရမလား... လျှန့်မျက်နှာထက်မှာ နတ်ဆိုးဆန်ဆန် အပြုံးတစ်ပွင့်ချိတ်ဆွဲလို့နေပြန်သည်။ 

" ဟဲလို... ဟဲလို... ဘုံလျှန်... ဘုံလျှန်... သားကြီး ငါ ပြောတာကြားလား "

သူ့ဘက်က အသံတိတ်သွားသည်ကြောင့် ဝေယံက သူ မကြားဘူးအထင်နှင့် ထပ်ခေါ်လာမှ သူ သတိကပ်ပြီး ပြန်ပြောမိသည်။ 

My Beautiful SPOUSEWhere stories live. Discover now