အပိုင်း - (၁၃)

3.9K 449 30
                                    

" ကိုဘုံလျှန်တို့ ပြန်မလိုက်ဖြစ်ဘူးဆိုတာ သေချာတယ်နော် "

အလုပ်ကိစ္စတွေပြီးပြတ်သွားတော့ သူတို့လေးယောက်ဆုံဖြစ်တဲ့ညစာစားပွဲဝိုင်း။

တိတ်ဆိတ်မှုတွေကြား ညင်သာစွာထွက်လာတဲ့သုန်သုန့်အသံကြောင့် နေးလက်ျာရဲ့စားလက်စလှုပ်ရှားမှုတို့ ခေတ္တရပ်တန့်သွားသည်။ ဘုန်းခန့်ပိုင်လည်း ထိုနည်းတူစွာပင်။

လျှန်က ညစာစားခြင်းကိုအပြီးသတ်လိုက်ပြီး ရေထည့်ထားတဲ့ဖန်ခွက်ကိုလှမ်းယူရင်း သုန်သုန့်ကိုခေါင်းညိတ်ပြလိုက်သည်။ 

" သုန်သုန်က သေချာအောင်ထပ်မေးကြည့်တာပါ... အဲ့ဒါဆို သုန်တို့နှစ်ယောက်စာပဲ လက်မှတ်ယူလိုက်မယ်နော် "

သုန်သုန်က လျှန့်ကိုပြောနေရင်း ဘေးနားကဘုန်းခန့်ပိုင်ကို အသိပေးသလိုပြောသည်။ ဘုန်းခန့်ပိုင်က ခေါင်းညိတ်ပြပြီး နေးလက်ျာဆီအကြည့်တစ်ချက်ပို့သည်။ လျှန့်ဘေးက အလှလေးက မှင်သေသေနဲ့သာ။ 

လုပ်ငန်းစတင်ဆောင်ရွက်ဖို့ စီစဥ်စရာတွေကအကုန်ပြီးစီးသွားပြီး နောက်သုံးရက်ကြာမှ လုပ်ငန်းဖွင့်ပွဲနှင့် ဘုန်းခန့်ပိုင်၏ဖခင်ဦးဘုန်းတင်ရဲ့မွေးနေ့ပွဲကို ကျင်းပသွားမှာဖြစ်လို့ လျှန်ကပြန်မလိုက်တော့ပဲ နေခဲ့ခြင်းဖြစ်သည်။

ဒီကိုပြန်ရောက်ကတည်းက အလုပ်ကိစ္စတွေနဲ့သာရှုပ်နေခဲ့တာကြောင့် အပန်းဖြေခရီးထွက်တယ်လို့ သဘောထားပြီး အနားယူချင်တာလည်းပါတယ်ဆိုပေမယ့် နေးလက်ျာကို ခရီးသွားခြင်း၏ဝေဒနာတွေ မခံစားစေချင်တာက အဓိကဖြစ်သည်။

" နေးလက်ျာ ဒါလေးစားကြည့်... မင်း ခံတွင်းတွေ့မယ့်အရသာမျိုးပဲ "

" ရ . ရပါတယ် ဒုဥက္ကဌ... ကျွန်တော့်ဘာသာထည့်စားပါ့မယ် "

နေးကသာ ငြင်းနေပေမယ့် ခရုဟင်းလျာတစ်မျိုးက နေးပန်းကန်ထဲကို ရောက်လာသည်။ အနံ့ကလည်း စားချင်စဖွယ်မွှေးပျံ့နေ‌တာကြောင့် နေးလည်း အနည်းငယ်ယူပြီး အမြည်းသဘော ခပ်စားလိုက်သည်။

" ကိုယ် ပြောတာမှန်လား "

" ဟုတ်... ကျွန်တော်သဘောကျပါတယ် "

My Beautiful SPOUSEWhere stories live. Discover now