အပိုင်း - (၃၃)

1.6K 243 33
                                    

ညကအိပ်ရာစောစောဝင်ခဲ့သော်လည်း အိပ်မပျော်နိုင်တာကြောင့် မနက်ခင်းနိုးလာချိန်မှာတော့ နေးတစ်ယောက် ရွှင်ရွှင်လန်းလန်းရှိမနေပါ။ အသိစိတ်ရှိပေမယ့် မျက်စိမှိတ်လျက်သာ ခုတင်ဘေးကမီးအိမ်တင်ထားတဲ့စားပွဲပေါ်ကို လက်နဲ့လှမ်းစမ်းလိုက်သည်။ ဖုန်းကိုလက်ထဲကိုင်ပြီး သုံးမိနစ်လောက်ငြိမ်နေသေးသည်။ ရာသီဥတု တစ်နှစ်ပတ်လုံးပဲ အေးနေတော့မှာလားမသိ။ မျက်စိကိုတစ်ဝက်လောက်သာဖွင့်ပြီး ဖုန်းစခရင်ကိုကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်က အမည်းရောင်ဂဏန်းလေးလုံးကိုမြင်ပြီး နေးရဲ့ဦးနှောက်လုပ်ဆောင်မှုတွေခေတ္တရပ်တန့်သွားသည်။

" အိုး.မိုင်.ဂေါ့... နောက်ကျနေပြီ "

ဒီနေ့ အတန်းထဲမှာ နောက်ဆုံးပရောဂျက်တင်စရာရှိသည်။ ကျောင်းနောက်ကျလို့မဖြစ်။ အရင်ကဆို ညနေဘက် ကိုကိုကျောင်းလာကြိုရင် နောက်ရက်အတွက်အတန်းချိန်တွေကို ပြောပြထားနေကြမို့ ကျောင်းစောစောသွားရမယ့်ရက်မျိုးဆို ကိုကိုက နေးကိုအမြဲအိပ်ရာနှိုးနေကြဖြစ်သည်။ မနေ့ကတော့ ကိုကိုကလာမကြိုဖြစ်လို့ နေးလည်းမပြောပြဖြစ်သလို နှိုးစက်ပေးထားဖို့ကိုလည်း မေ့သွားခဲ့သည်။

အမြန်ဆုံးပြင်ဆင်ပြီးတော့ နေး အောက်ထပ်ကိုပြေးဆင်းလာသည်။ ထမင်းစားခန်းထဲကိုရောက်တော့ ချက်ပြုတ်ဖို့အတွက် ပြင်ဆင်နေတဲ့လစ်ဒီနဲ့ မနက်စာစားနေတဲ့ ဂရင်းကိုသာတွေ့သည်။

" နေးနေး... ကျောင်းသွားဖို့အတွက်တောင် အဆင်သင့်ဖြစ်နေပြီပဲ... မနက်စာဘာစားမလဲ.. ကော်ဖီလား. နွားနို့လား "

" ကိုကိုရော... "

ဂရင်းမေးတာကိုပြန်မဖြေပဲ ကိုဘုံလျှန်ကိုမေးလာတဲ့နေးနေးကြောင့် ဂရင်းမျက်စောင်းထိုးလိုက်သည်။ ပျားလိမ္မော်သီးလိုဖြစ်နေသည့် လိမ္မော်ရောင်ကောင်လေးက အိုင်ယာလန်နဲ့တည့်သည်ထင်ပါရဲ့။ အသားအရည်က နဂိုကထက် ပိုမိုကြည်လင်နုဖတ်လာပြီး ရှိရင်းစွဲအသက်ထက် အများကြီးငယ်ပုံပေါက်နေသည်။ အခုလည်း သူမေးတာကို ချက်ချင်းပြန်မဖြေပဲနေ,နေတဲ့ဂရင်းကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ပြူးကြည့်နေသည်။

My Beautiful SPOUSEWhere stories live. Discover now