အပိုင်း - (၂၀)

3.9K 412 32
                                    

လွန်ခဲ့သောနှစ် နှစ်ဆယ်ခန့်က

" လေးလေး . ကိုကိုက မလာသေးဘူးလားဟင် "

မျက်လုံးလေးကို ပတ်တီးစည်းထားတဲ့ ခြောက်နှစ်အရွယ် ကလေးငယ်က အသံခပ်တိုးတိုးလေးနဲ့ မေးသည်။ နော်ရန်ဇ အခွံခွာလက်စပန်းသီးကို ပန်းကန်ထဲ ပြန်ချထားကာ နေးနေးဆံပင်နုနုလေးတွေကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။

" လာမှာပေါ့ ရွှေချိုးလေးရဲ့... ကိုကိုက ဆေးသောက်နေရလို့ မလာသေးတာနေမှာပါ "

" ဟွန့် . ကိုကိုက မနေ့က သားကို စောစောလာခဲ့မယ် ပြောသွားတာ "

" လာမှာပါကွာ... သားအတွက် လေးလေး ပန်းသီးခွဲထားပေးတယ်... စားမယ်မဟုတ်လား... "

ကုတင်ခေါင်းရင်းကိုမှီလို့ နှုတ်ခမ်း‌လေး စူထော်ထော်နဲ့ ကလေးငယ်လေးက သိပ်ချစ်ဖွယ်ကောင်းပါဘိ။ ချစ်စရာဟန်ပန်လေးကို မျက်လုံးတွေပေါ်မှာ စည်းနှောင်ထားရတဲ့ ပတ်တီးစတွေကတောင် ဖျက်ဆီးနိုင်ဖွယ်ရာ မရှိပါချေ။

နော်ရန်ဇ ဝေ့တက်လာတဲ့အရည်စတို့ကြောင့် မျက်တောင်တို့ကို အမြန်ပုတ်ခတ်လိုက်သည်။ ဒီအချိန်တွင် သူ သန်မာရတော့မည်။ မမကြီးသည် သူတို့ထံမှ အပြီးတိုင်ထွက်ခွာသွားပြီဖြစ်သည်။ ဒီကလေးရဲ့အနာဂတ်အတွက် အရာရာကို သူရင်ဆိုင်ရတော့မည်။ 

" ကလေးလေး "

" ဟာ ကိုကို ...! "

ခွံ့ကျွေးနေတဲ့ ပန်းသီးစိတ်လေးတွေကို တတိတိနဲ့ ကိုက်စားနေတဲ့ နေးနေးက ခေါ်သံတစ်ခုကိုကြားတော့ ဆတ်ခနဲဖြစ်သွားပြီး ခေါင်းလေးလည်ထွက်သွားတာကိုကြည့်ရင်း နော်ရန်ဇ စိတ်တင်းထားရာက ပြုံးလိုက်မိသည်။ ယုန်ကလေးသာဆို နားရွက်ကလေးတွေထောင်ပြီး နားလေးစွင့်နေမည်ထင်။

" ကိုကိုလာပြီလား "

" အင်း... ကိုကိုလာပြီ "

ဆေးရုံဝတ်စုံလေးဝတ်ထားပြီး ညာဘက်ခြေထောက်မှာ‌ ကျောက်ပတ်တီးစည်းထားကာ ချိုင်းထောက်ကလေးနဲ့ ထော့နင်းထော့နင်း ဝင်လာတဲ့ကောင်လေးက ဘေးမှာ အကူတစ်ယောက်မှ မပါလာပဲ အခန်းထဲဝင်လာတာကြောင့် နော်ရန်ဇလည်း လက်ထဲက ပန်းသီးပန်းကန်ကိုချပြီး တွဲကူပေးလိုက်ရသည်။ 

My Beautiful SPOUSEWhere stories live. Discover now