အပိုင်း - (၂၇)

2.1K 259 17
                                    

📨 နေး ညနေကျောင်းဆင်းရင် ရှန်ခိုက်တို့အိမ်ကိုသွားနှင့်နော်... နေးကိုကြိုဖို့ ကားလွှတ်လိုက်မယ်... ကိုယ် အစည်းအဝေးရှိနေလို့ လာကြိုတာနောက်ကျရင် နေး စောင့်နေရမှာစိုးလို့... ရှန်ခိုက်တို့အိမ်ရောက်မှတွေ့ကြမယ်နော် 📨

စားပွဲပေါ်တင်ထားတဲ့ဖုန်းစခရင်က မီးလင်းလာသည်မို့ ဆရာစာသင်တာကို နားထောင်နေရင်းကနေ နေးမျက်လုံးတွေက ဖုန်းကိုအကြည့်ရောက်သွားသည်။ စာပို့လာသူက ကိုကိုဖြစ်နေတော့ မမြင်နိုင်မှန်းသိပေမယ့် အပြစ်မရှိတဲ့ဖုန်းလေးကို မျက်စောင်းထိုးလိုက်မိသည်။ မဖတ်ပဲနေဖို့စိတ်တင်းထားပေမယ့် မနေနိုင်စွာပဲ ခဲတံကိုင်ထားတဲ့လက်ကလေးက ဖုန်းဆီကိုလျင်လျင်မြန်မြန် ရောက်သွားသည်။ ဖုန်းထဲဝင်လာတဲ့ ကိုကို့ဆီကစာကို ဖတ်ပြီးတော့ နေး နှုတ်ခမ်းလေးကို စူလိုက်မိသည်။ 

" ဟွန့်... ဘာမှလာပြောမနေနဲ့... ကိုကို့စကားကို နားမထောင်ဘူးကွာ "

တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်ရင်း ကိုကို့ကို စိတ်ကောက်မပြေသေးကြောင်းပြသည့်အနေနဲ့ ပို့ထားတဲ့စာကို တမင်ပြန်မဖြေပဲ လျစ်လျူရှုထားလိုက်သည်။ ကျောင်းဆင်းချိန်ရောက်တာနဲ့ လာကြိုတဲ့ကားကိုမစောင့်ပဲ ဘူတာရုံရှိရာကို ဦးတည်လှမ်းလိုက်သည်။ 

နေး ဘယ်သွားသွား ကိုကိုကအမြဲလိုက်ပို့နေကြဆိုပေမယ့် ကျောင်းသင်ခန်းစာအတွက် outdoor ထွက်ရသည့်နေ့မျိုးဆိုရင်တော့ အတန်းဖော်တွေနဲ့အတူတူ မြေအောက်ရထားစီးပြီး လိုရာကိုသွားတတ်သည်မို့ ရထားလိုင်းတစ်ချို့နှင့် ဘူတာရုံတွေကိုတော့ နေး ကျွမ်းကျွမ်းကျင်ကျင်သွားလာတတ်နေပြီဖြစ်သည်။

" ဟေး.!! နေး ... "

နေးရဲ့နာမည်ကို အသံခပ်ဝဲဝဲနဲ့လှမ်းခေါ်လာပြီး ပခုံးကိုသိုင်းဖက်လာတဲ့လူက နေးတို့အတန်းခေါင်းဆောင်သောမတ်ဖြစ်သည်။ 

" အာ . သောမတ်စ် ... "

ပခုံးကိုလာဖက်တာကို မကြိုက်၍ နေးက ပခုံးကို အနည်းငယ်တွန့်ပြီးရုန်းလိုက်တော့ စပ်ဖြဲဖြဲမျက်နှာနဲ့ သောမတ်စ်ရဲ့လက်က နေး ပခုံးပေါ်ကနေ ဖယ်ခွာသွားသည်။ အနောက်တိုင်းသားတွေရဲ့ ရင်းနှီးတဲ့အမူအကျင့်တစ်ခုဆိုပေမယ့် နေးအတွက်တော့ အကျွမ်းတဝင်မရှိတာကြောင့် နေရခက်သည်။ နေးနဲ့အရင်းနှီးဆုံးလို့ဆိုနိုင်တဲ့ ကိုကိုတောင် နေး ကိုမလိုအပ်ပဲ ထိတွေ့တာမျိုးတွေ မလုပ်ဖူးပါ။

My Beautiful SPOUSEWhere stories live. Discover now