အပိုင်း - (၃၇)

412 12 1
                                    

" နေး ဘယ်လိုနေသေးလဲ ဂရင်း ... သက်သာရဲ့လား "

" ခုနလေးကမှ ဆေးတိုက်ထားလို့ အိပ်ပျော်နေတယ် ကိုဘုံလျှန် "

လျှန်လည်း ဂရင်းပြောတဲ့စကားကို နားလည်ပြီဆိုတဲ့သဘောနဲ့ ခေါင်းညိတ်ပြရင်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်သည်။ ဒီနေ့နဲ့ဆို နေးလက်ျာဖျားနေတာ နှစ်ရက်ရှိနေပြီ။ လျှန်နဲ့ကုမ္ပဏီကိုလိုက်လာပြီးကတည်းက မျက်နှာသိပ်မကောင်းတာသတိထားမိတာကြောင့် မေးကြည့်တော့လည်း နည်းနည်းပင်ပန်းနေလို့ပါ ဆိုပြီးသာပြောလာသည်မို့ လျှန်လည်းထပ်မမေးဖြစ်။

မနေ့ကတော့ မနက်တော်တော်နောက်က်တဲ့အထိ မနက်စာဆင်းမစားတာကြောင့်အခန်းထဲသွားကြည့်တော့မှ ဖျားနေမှန်းသိရသည်။ ဆေးရုံကိုသွားပြတော့ သာမန်ဖျားတာပဲမို့ အရမ်း စိုးရိမ်စရာမလိုဘူးပြောပေမယ့် လျှန်ကစိတ်မချနိုင်တာမို့ ကျောင်းနားခိုင်းထားပြီး အိမ်မှာပဲ သက်တောင့်သက်သာနားစေတာဖြစ်သည်။

" အစားရော ကောင်းကောင်းစားရဲ့လား . ဂရင်း "

" စားတယ် ကိုဘုံလျှန် ... လစ်ဒီက ခရုဆန်ပြုတ်လုပ်ထားပေးတာ . ဒါတောင် မစားသေးဘူးလုပ်နေလို့ ချော့ကျွေးလိုက်ရတယ် ... အစားစားလို့သာ တော်သေးတယ် "

" ဂရင်းလည်း ပင်ပန်းနေပြီ ... နားလိုက်ပါဦး ... ကိုယ်တစ်လှည့်ကြည့်ပေးပါ့မယ် "

" မဟုတ်တာ ... ဂရင်းက အိမ်မှာ နားနားနေနေပဲကို. ရပါတယ် ... ကိုဘုံလျှန်က အလုပ်ရှိနဲ့လေ "

လျှန်က ဂတရင်းကို ကျေးဇူးတင်ပြုံးလေးသာ ပြုံးပြနိုင်တော့သည်။ နေမကောင်းတဲ့ နေးအနား နေချင်ပေမယ့် လျှန့်အလုပ်မှာ အသစ်လုပ်နေတဲ့ ပရောဂျက်တွေကြောင့် နေ့နေ့ညညအလုပ်များနေပြီး နေးလက်ျာအနား ဂရုတစိုက်မရှိပေးနိုင်တာဖြစ်သည်။ လျှန့်ဘက်က လိုအပ်ချက်မလို့ နေးလက်ျာလေးနေကောင်းသွားမှသာ ခရီးတိုလေးတစ်ခုစီစဉ်ပေးဖို့ လျှန့်စိတ်ထဲ တွေးထားလိုက်တော့သည်။

" ဖျားတာနှစ်ရက်ပဲရှိသေးတယ်. မျက်နှာလေးနွမ်းသွားပြီ "

နေးအခန်းထဲရောက်တော့ အိပ်ပျော်နေတဲ့ နေးလက်ျာလေးကြောင့် လျှန်လည်း ခြေလှမ်းခပ်ဖွဖွလျှောက်သွားလိုက်ပြီး အိပ်ရာဘေးကခုံမှာ ဝင်ထိုင်လိုက်သည်။ ဖြူဖျော့နေတဲ့ မျက်နှာနုနုလေးက အသနားပိုဖွယ်။ စောင်ပုံထဲမှာမြုပ်နေပြီး ဆေးအရှိန်ကြောင့် နဖူးမှာ ချွေးသီးလေးတွေ စို့နေတာကြောင့် ကပ်ငြိနေတဲ့ ဆံချည်မျှင်လေးတွေကို လျှန်က လက်ညှိုးနဲ့ ခပ်ဖွဖွလေး ဖယ်ထုတ်ပေးလိုက်သည်။

My Beautiful SPOUSEWhere stories live. Discover now