အပိုင်း - (၂၉)

1.8K 243 7
                                    

လေဆိပ်ကိုရောက်နေတဲ့ နေးရဲ့လက်ထဲမှာ ဘုတ်ပြားလေးတစ်ခု ကိုင်ထားသည်။ ဘေးမှာကိုကိုရှိနေပြီး နေးရဲ့ပခုံးကို အနောက်ကနေ ထိန်းဖက်ပေးထားသည်။ လူရှုပ်နေတဲ့ကြားမှာ မတွန်းတိုက်မိအောင် ကိုကိုကကာပေးထားသည်။ အခု ကိုကိုနဲ့သူက ဂရင်းကိုလာကြိုခြင်းဖြစ်သည်။ 

သိပ်မကြာခင်မှာ လိုက်လာခဲ့မယ်ဆိုပြီး ပေးခဲ့တဲ့ကတိအတိုင်း ဂရင်းက နေးဆီကို တကယ်လိုက်လာခဲ့သည်။ ဂရင်းလာတော့မယ့်အကြောင်းကို သိရကတည်းက နေးမှာ ရက်တွေကို လက်ချိုးရေတွက်နေခဲ့ရသည်။ ကိုကိုက လိုလေသေးမရှိအောင် ဂရုစိုက်ပေမယ့် လေးလေးပြီးရင် ဂရင်းက နေးရဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တာမို့ တွယ်တာမိသည်။

" ဂရင်း ... ဂရင်းရေ . နေးနေး ဒီမှာ "

ဟိုကြည့်ဒီကြည့်နဲ့ လက်ဂေ့ခ်ျနှစ်လုံးကိုဆွဲလို့ ထွက်လာတဲ့ဂရင်းက နေးတို့ကို မြင်ပုံမရတာကြောင့် နေးကပဲ ဝမ်းသာအားရနဲ့ လက်ကလေးနှစ်ဖက်လုံးကို အပေါ်မြှောက်လိုက်ပြီး လှမ်းခေါ်လိုက်သည်။

" အို . နေးနေး... "

နေးတို့ကိုမြင်သွားတဲ့ဂရင်းကလည်း နေးရဲ့နာမည်ကိုအော်ခေါ် အနားကို ခပ်သွက်သွက်လျှောက်လာသည်။

" ဂရင်း လာနေပြီ ကိုကို "

" အင်း "

ဘေးနားမှာရပ်နေတဲ့ကိုကို့ကိုတောင် မစောင့်တော့ဘဲ နေးက ဂရင်းဆီကို ပြေးသွားမိသည်။

" ရွှေချိုးလေး .. ဂရင်းက လွမ်းနေတာ "

" နေးနေးလည်း ဂရင်းကို အများကြီးလွမ်းတယ် "

" အိုင်ယာလန်နဲ့ တည့်လိုထင်တယ်.. ပိုလှလာလိုက်တာ . ဟင် ~ စိတ်တွေချမ်းသာနေတယ်ပေါ့ "

ဂရင်းအမေးကို နေးပြုံးပြရင်းခေါင်းညိတ်ပြလိုက်သည်။ နေးကို ခပ်တင်းတင်းပွေ့ဖက်ထားတဲ့ ဂရင်းက နေးရဲ့ပါးနှစ်ဖက်ကိုလည်း တဖွဖွနမ်းသည်။

" နေရောကောင်းရဲ့လား . ပြောပါဦး "

" ကောင်းပါတယ် ဂရင်းရဲ့ "

နှစ်ယောက်ထဲကမ္ဘာဖြစ်နေတဲ့ နှစ်ယောက်ကိုကြည့်ပြီး လျှန် ခေါင်းအသာရမ်းလိုက်သည်။ 

My Beautiful SPOUSEWhere stories live. Discover now