အပိုင်း - (၂၄)

2.4K 250 7
                                    

တီ တီ တီ ...

တုန်ခါမှုနဲ့အတူ မီးလင်းလာတဲ့ ဖုန်းစခရင်ကြောင့် ဘုန်းခန့်ပိုင် မျက်လုံးမှိတ်ထားရာကနေ ဖုန်းရှိရာကို လှမ်းကြည့်လိုက်သည်။ နိုင်ငံခြားဖုန်းခေါ်ဆိုမှုကို မြင်လိုက်ရ‌တာကြောင့် တွေဝေမှုမရှိပဲ ခပ်သွက်သွက်ကောက်ကိုင်လိုက်သည်။

" ဟယ်လို ... အခြေအနေထူးပြီလား "

‌ဘုန်းခန့်ပိုင်ရဲ့ အမေးစကားအဆုံးမှာ တစ်ဖက်က သက်ပြင်းချသံ ခပ်လေးလေးကိုသာ ကြားလိုက်ရသည်။ အခြေအနေက မထူးသေးဘူးထင်သည်။ လက်သီးသီးကို တင်းတင်းဆုပ်ထားမိရင်း ဟုန်းခနဲတောက်လာတဲ့ ဒေါသစိတ်ကို ထိန်းချုပ်လိုက်ရသည်။

" သူ့ဦးလေးဖြစ်သူရယ် သူနဲ့အတူနေတဲ့သူကတော့ ပုံမှန်အတိုင်းသွားလာနေပေမယ့် အစ်ကို ရှာခိုင်းထားတဲ့လူကိုတော့ မမြင်မိဘူး... သူတို့နေတဲ့ပတ်ဝန်းကျင်မှာ စုံစမ်းကြည့်တော့လည်း အရင်ကတည်းက သီးသန့်နေကြတဲ့လူတွေမို့ ဘာမှသိပ်ပြီးအကူအညီမရဘူး "

တစ်ဖက်က ပြန်ဖြေလာတဲ့လူက ဘုန်းခန့်ပိုင်ကို အစီရင်ခံစာတစ်ခု တင်ပြနေသလိုမျိုး စကားသံတွေက ခပ်ပြေပြေသာဖြစ်သည်။

" အလုပ်မှာရော "

ဘုန်းခန့်ပိုင်က ခပ်သွက်သွက်ပြန်မေးလိုက်ပေမယ့် တစ်ဖက်က အဖြေစကားက အားရဖွယ်ပင်မရှိ။

" အလုပ်သွားလာလုပ်တာမျိုးလည်း မတွေ့ရဘူး... အစကတော့ အလုပ်ခရီးထွက်နေတာလားလို့ ထင်မိပေမယ့် အစ်ကိုစုံစမ်းခိုင်းတဲ့နေ့ကစပြီး အခုချိန်ထိ မတွေ့ရတာဆိုတော့ အလုပ်ခရီးသွားနေတာမျိုးလည်း မဖြစ်နိုင်ဘူးလို့ ယူဆမိတယ်... ကျွန်တော့်ထင်မြင်ချက်ကိုပြောရရင် အစ်ကိုရှာနေတဲ့လူက အလုပ်ထွက်လိုက်တာမဟုတ်ရင် ဒီမှာမရှိနေတာမျိုးပဲဖြစ်လိမ့်မယ်ထင်တယ် "

ဆက်မပြောတော့ပဲ ဘုန်းခန့်ပိုင်လက်ထဲက ဖုန်းကို နံရံဆီပစ်ပေါက်လိုက်သည်။ ဘာက ဒေါသထွက်စရာကောင်းလဲ မသိတော့ပေမယ့် နေးနေးနဲ့ပတ်သက်ပြီး ဘာအကြောင်းအရာကိုမှ စုံစမ်းလို့မရတာ တစ်လပင်ပြည့်တော့မည်။ လူလွှတ်ပြီး ဦးနော်နဲ့ဂရင်းကိုပါ စောင့်ကြည့်ခိုင်းပေမယ့် နေးနေးနဲ့ပတ်သက်တဲ့ကိစ္စက တစ်စွန်းတစ်စပင် မကြားခဲ့ရပေ။

My Beautiful SPOUSEWhere stories live. Discover now